close
Connect with us

Hi, what are you looking for?

သတင်း

ရွှေပြည်သာ ၁၄ လမ်းဆုံရှိ ဘန်ကာအား ဖောက်ခွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သား သုံးဦးထိခိုက်ဟုဆို

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တနေရာရှိ စစ်ကောင်စီတပ် ဘန်ကာတစ်ခုအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ကျော်ဇော/People’s Spring

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ်ဘန်ကာတစ်ခုကို ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ယနေ့(စက်တင်ဘာ ၁၄ရက်)နံနက် ၇ နာရီ ၁၀ မိနစ်အချိန်က ၁၄လမ်းဆုံရှိ စစ်ကောင်စီတပ် ဘန်ကာကို ကားဖြင့်လာ၍ ဂျူတီချိန်းချိန်နေစဥ် ဖောက်ခွဲတိုက်ခိုက်ခဲ့​ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားသုံးဦးထိခိုက်သွားကြောင်း စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

“ထိထိမိမိတော့ ဖြစ်သွားတာ အသေအချာပါ။ သေဆုံးကတော့ အတည်ပြုလို့မရသေး ပါဘူးဗျ”ဟု God’s Hand Forces(GHF)မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည့် ဘန်ကာသည် နှစ်ထပ်ဘန်ကာတစ်ခုဖြစ်ပြီး ဖောက်ခွဲတိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်သား ခုနစ်ဦးခန့်ရှိနေကြောင်း ၎င်းက ဆက်ပြောသည်။

မြို့ပြတွင် အာဏာသိမ်းစစ်ကောင်စီအနေနှင့် လုံးဝအုပ်ချုပ်ခွင့်မရ၊ စစ်ကောင်စီ၏ ထောက်တိုင် များကို ရိုက်ချိုးမည်ဟူသော ရည်ရွယ်ချက်နှင့် အညီ ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း Hand Forces(GHF)မှ အသိပေးသည်။

ယခုတိုက်ခိုက်မှုသည် “M 043 စစ်ဆင်ရေး”၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး ဆဌမမြောက် ဖော်ဆောင်မှုဖြစ်ကြောင်းနှင့် အများပြည်သူအနေ ဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ထောက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင် စီ၏အထိုင်ကင်းများ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြရန် မေတ္တာရပ်ခံအသိပေးထားသည်။

စက်တင်ဘာ ၇ ရက် ညပိုင်းကလည်း ရွှေပြည်သာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကို BLACK TIGER UG TEAM ရဲဘော်များနှင့် ရွှေပြည်သာမြို့နယ် (ပကဖ)တို့ပူးပေါင်းပြီး အဝေးထိန်းမိုင်း နှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်း - ကရင်နီနယ်စပ်စစ်ဆင်‌ရေး တစ်ပတ် အတွင်း စစ်ကောင်စီတပ်သား ၃၀သေဆုံးပြီး သုံးဦး အရှင်ဖမ်းမိကာ လက်နက်အများအပြားသိမ်းဆည်းရရှိကြောင်း Loikaw Local PDF လွိုင်ကော် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က ယနေ့ ထုတ်ပြန်သည်။

သတင်း

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ် အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်း နှစ်လုံးဖြင့် တိုက်ခိုက်ခဲ့ကြောင်း Black Tiger UG Teamက အသိပေးထားသည်။

သတင်း

ပဲခူးတိုင်း၊ မင်းလှမြို့နယ်တွင် ကလေးတစ်ယောက်၏မိခင် အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီတပ်သားများက အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ကြောင်း ဒေသခံပြည်သူများက လူထုနွေဦးသို့ ပြောကြားသည်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-တွန်းဇံ ထံစစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာကြောင်း CDF တွန်းဇံက ချင်းဘာသာဖြင့် ထုတ်ပြန်သည်။

Facebook