close
Connect with us

Hi, what are you looking for?

သတင်း

ပြီးခဲ့သည့် သြဂုတ်အတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ကျော် PDFထံ အလင်းဝင်

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လအတွင် PDF များထံ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ - UBNA

ဇေအောင်/People’s Spring

ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒုဗိုလ်မှူးကြီး သုံးဦးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၁ဦး အလင်းဝင်လာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်သည်။

ဒုဗိုလ်မှူးကြီး သုံးဦး၊ ဗိုလ်မှူး နှစ်ဦး၊ ဗိုလ်ကြီး နှစ်ဦး၊ ဗိုလ် သုံးဦးနှင့် တပ်သားနှင့်ရဲ အပါအဝင် ၄၁ ဦးသည် ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများထံ ဆက်သွယ်ကာ ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင် PDF များထံ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – MDY-PDF

အဆိုပါ ၄၁ ဦးအနက် လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင် ခိုလှုံလာသူများလည်းရှိပြီး လက်နက်မျိုးစုံ ၁၉ လက်နှင့် ခဲယမ်း မီးကျောက်များ ရရှိခဲ့ကြောင်း၊ လက်နက်ယူဆောင်လာသူများကို သတ်မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ထပ်မံ အသိပေးသည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်း စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ်စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင်ခိုလှုံကြရန် NUG၏ ကာကွယ်ရေးဝန်ကြီးဌာနက တိုက်တွန်းထားသည်။

” ဖရဲသီးအဖြစ် တာဝန်ထမ်းဆောင်ပါမယ်လို့အဆိုပြုလာတဲ့ တပ်မတော်သားတွေ၊ ရဲတွေလည်းတော်တော်များများရှိပါတယ်။ သူတို့ကိုတော့ မူရင်းနေရာတွေမှာပဲ ဆက်လက်တာဝန်ထမ်းဆောင်ပြီးတော့ပဲ ဖရဲသီးအဖြစ် သတင်းပေးပို့ဖို့ ညွှန်ကြားထားတားတာ ရှိပါတယ်။”ဟု NUG ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင် PDF များထံ အလင်းဝင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ ဓာတ်ပုံ – UBNA

ဦးမောင်မောင်ဆွေက ဆက်လက်ပြီး “မြန်မာနိုင်ငံအလယ်ပိုင်းကနေ ဝင်ရောက်လာတာတော်တော်များပါတယ်။ နောက်လည်းပြည်သူ့ရင်ခွင်ကို ဝင်ရောက်ဖို့ချိတ်ဆက်နေကြတဲ့အရာရှိကြီးတွေ၊ အရာရှိတွေလည်း အမြောက်အများရှိပါတယ်။ သူတို့ကိုလည်း စနစ်တကျ စိစစ်ပြီးတော့ ပြည်သူ့ရင်ခွင်ကိုခေါ်ဆောင်နိုင်ဖို့ အကြမ်းဖက်စစ်တပ်ကို စွန့်ပြီးတော်လှန်ရေးမှာ ပူးပေါင်းပါဝင်ဖို့ ဆက်လက်လုပ်ဆောင်နေပါတယ်။”ဟု ပြောသည်။

ထို့အပြင် ကျန် စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီအောက်ဆက်နေပါက သေရုံမှလွဲ၍ အခြားမရှိသောကြောင့် ပြည်သူ့ရင်ခွင်ခိုလှုံကာ အမြန်ဆုံးပူးပေါင်းရန်လည်း တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် ရန်ကုန်တိုင်း စစ်ဌာန ၊ တပ်ရင်း(၅၁၀၂)သို့ စစ်ကောင်စီ​၏ ရေတပ်မှတပ်ကြပ်တစ်ဦး လက်နက်မဲ့အလင်းဝင်လာကြောင်း ရန်ကုန်တိုင်းစစ်ဌာနက အ‌သိပေးထားသည်။

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်တွင် စစ်ကောင်စီတပ်မှ ဒုတပ်ကြပ်တစ်ဦး လက်နက်ခဲယမ်းနှင့် အလင်းဝင်လာ၍ ကျပ်သိန်း ၅၀ဆုချီးမြှင့်ခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်သည်။

သတင်း

တနင်္သာရီမြို့နယ်သို့ စစ်ကြောင်းထိုးဝင်ရောက်လျှက်ရှိသော စစ်ကောင်စီတပ်လှုပ်ရှားစစ်ကြောင်းတစ်ခုမှ တပ်သားတစ်ဦး တနင်္သာရီမြို့နယ်(ပကဖ)ထံ ခိုလှုံလာကြောင်း ပကဖ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သတင်း

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-တွန်းဇံ ထံစစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာကြောင်း CDF တွန်းဇံက ချင်းဘာသာဖြင့် ထုတ်ပြန်သည်။

Facebook