close
Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းအမြောက်တပ်ရင်း နှစ်ခုအပါအဝင် နေရာလေးနေရာ၌ တနေကုန်တိုက်ပွဲပြင်းထန်

TNLA ထိုးစစ်ဆင်နေသည့် သီပေါ ခလရ(၂၃) တပ်ရင်းအား စစ်ကောင်စီ လေကြောင်းပစ်ကူပေး၊ လက်နက် ခဲယမ်းဖြည့်တင်း

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA) သိမ်းပိုက်ထားသည့် နောင်ချို့မြို့နယ် တောင်းခမ်းဒေသရှိ လေးနေရာ၌ စစ်ကောင်စီတပ်နှင့် ယနေ့ တနေကုန်တိုက်ပွဲပြင်းထန်ခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ယနေ့ (စက်တက်ဘာ ၁၆ရက်) နံနက်တွင် နောင်ချိုမြို့နယ် တောင်းခမ်းကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်(၃၅၄) တပ်ရင်းစခန်း ၊ တောင်းခမ်းရွာအနီး၊ မစခ(၉၀၂)တပ်ရင်း၊ မကျီးရေရွာအနီး စသည့် နေရာ ၄နေရာ၌ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဖော်ပြသည်။

ယနေ့ နံနက်စော ၂နာရီခွဲအချိန်တွင် စစ်ကောင်စီ အမြောက်တပ် (၃၅၄)တပ်စခန်း၌ လည်းကောင်း၊ နံနက် ၁၁နာရီတွင် တောင်းခမ်းကျေးရွာအနီးတဝိုက် လည်းကောင်း၊ ညနေ ၃နာရီ မိနစ် ၄၀အချိန် တွင် မကျီးရေကျေးရွာအနီးတဝိုက်လည်းကောင်း၊ စစ်ကောင်စီ (၉၀၂)တပ်စခန်းနေရာတွင် ညနေ ၃နာရီ ၄၅မိနစ်က လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု TNLAက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲအတွင်း ထိခိုက်ကျဆုံး အခြေအနေ ရှိ၊မရှိဖော်ပြမထားပေ။

“ဒီနေ့ တောင်းခမ်းမှာ တနေကုန်တိုက်ပွဲပြင်းထန်တယ်။ စကစက Y12နဲ့ ဗုံးလာကြဲတယ်။ ဒီနေ့ ရဲဘော်တွေ အတော်လေး အသာစီးရတယ်ကြားတယ်”ဟု နောင်ချိုမြို့ဒေသခံက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် သီပေါမြို့ ခလရ (၂၃) တပ်စခန်းနေရာသို့လည်း Y-12 လေယာဉ်ဖြင့် ဖြင့် (၁၃)ကြိမ် ဗုံး(၈၀)လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့သည်ဟု အသိပေးထားသည်။

အဆိုပါ ခလရ(၂၃)ကို TNLAက စက်တင်ဘာ ၁၄ရက်ကတည်းက ပြန်လည် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ခလရ(၂၃)တပ်စခန်းနေရာသို့ Y12ဖြင့် တစ်ကြိမ် လက်နက်ခဲယမ်းများ လာရောက်ကြဲချခဲ့သည်ဟု ဆိုသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးအခြေအနေများ ဖော်ပြထားခြင်းမရှိပေ။

TNLA အနေဖြင့် သီပေါမြို့ကို ထိန်းချုပ်ထားသော်လည်း မြို့နယ်တစ်ခုလုံးအတိုင်းအတာ သိမ်းပိုက်နိုင်ရန် စစ်ကောင်စီ၏ တပ်ရင်း ၃ခု ကျန်ရှိနေသေးသည်။

စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။ TNLAသည် နောင်ချိုမြို့နယ် တောင်းခမ်းဒေသရှိ အမြောက်တပ်ရင်းများအနက် အမတ(၂၀၆)နှင့် အမတ(၄၀၆) စခန်းများကို ဩဂုတ် ၂၈ရက်ကတည်းက သိမ်းပိုက်ရရှိထားကြောင်း TNLAက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ဒေသ၌ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့ ယနေ့ စက်တင်ဘာ ၁၆ရက်တွင် တိုက်ပွဲဆက်ဖြစ်ခဲ့ပြီးစစ်ကောင်စီက လေကြောင်း ပစ်ကူ ပေးတိုက်ခိုက်ခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

သတင်း

စစ်ကောင်စီလေကြောင်းမှဗုံးကြဲတိုက်ခိုက်၍ အရပ်သားအချို့သေဆုံး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့တွင် တအာင်းတပ်မတော်(TNLA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့ တိုက်ပွဲဖြစ်ပွားနေကြောင်း ဒေသခံက ပြောသည်။

သတင်း

မန္တလေးဆေးရုံကြီးတွင် တိုက်ပွဲဖြစ်ပွားနေသောဒေသများမှ ဒဏ်ရာရသူများ ဆေးလာကုပါက ကောင်းစွာကုသပေးခြင်းမရှိဘဲ စစ်ကောင်စီ​၏ ရဲကပါ ငွေညှစ်နေကြောင်း ကြုံတွေ့ဖူးသူများက ပြောသည်။

Facebook