Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲမြို့အား အပြီးသတ်သိမ်းပြီးဟု TNLA အတည်ပြု

၁၀၂၇ စစ်ဆင်ရေးပထမပိုင်းနှင့် ဒုတိယပိုင်းအတွင်း TNLAက မြို့ ၁၁မြို့၊စစ်ကောင်စီ စခန်း ၁၃၀ခန့် သိမ်းရထား

​ကျောက်မဲမြို့သိမ်းတိုက်ပွဲ​အောင်ပွဲရ ရဲ​ဘော်များကိုပြည်သူများက​အောင်သ​ပြေဖြင့် ကြိုဆိုစဥ်။ ဓါတ်ပုံ-​ရွှေဖီ​မြေ

ဟန်နွေ/People’s Spring

ရှမ်းမြောက် ကျောက်မဲမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို သိမ်းပိုက်ရရှိပြီဖြစ်ကြောင်း တအာင်းတပ်မတော်(TNLA) ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ယနေ့ ညနေပိုင်းတွင် အတည်ပြုသည်။

” ကျောက်မဲမြို့အား ဩဂုတ် ၅ရက်နေ့ ည ၁၀နာရီ အချိန်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပါတယ်။ စကခ -၁၊ ခမရ(၅၀၁)၊ ၅၀၂ တပ်ရင်း တပ်စခန်းတွေ”ဟု လွေးယေဦးက ပြောသည်။

တပ်စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှု၊ စစ်သုံ့ပမ်း ဖမ်းဆီးရရှိမှုအခြေအနေများ မသိရသေးဟု ပြောသည်။

Public Service Announcement

Public Service Announcement

ယနေ့ (ဩဂုတ် ၆ရက်)တွင်လည်း TNLA သိမ်းပိုက်ထားပြီးဖြစ်သည့် နောင်ချိုမြို့နယ်၌ စစ်ကောင်စီနှင့် တိုက်ပွဲဆက်ဖြစ်နေကြောင်း လွေးယေဦးက ပြောသည်။

TNLA အနေဖြင့် ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းတွင် နမ့်ခမ်း၊ နမ့်ဆန်၊ ကွတ်ခိုင်၊ မိုင်းလုံ၊ မိုင်းငေါ့၊ နမ္မတူ၊ မန်တုံ မြို့များကို သိမ်းပိုက်ထားပြီး စစ်ဆင်ရေး ဒုတိယပိုင်းတွင် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲမြို့များကို သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။

” စခန်းကျတော့ ၁၂၀ ကျော်ရှိမှာပေါ့။ လက်ရှိက ၅၀ ကျော်ရှိပြီ။ အပိုင်း(၁)မှာတော့ ၇၀(သိမ်းပိုက်ရရှိထားသည့် စစ်ကောင်စီတပ် စခန်း) ကျော်ပေါ့”ဟု လွေးယေဦးက ပြောကြားသည်။

TNLA နှင့် မဟာမိတ်များသည် ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းတွင် မိုးကုတ်၊ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးမိတ် မြို့များကို ထိုးစစ်ဆင်ခဲ့ရာ စစ်ဆင်ရေး ၄၂ရက်အတွင်း သီပေါမြို့မှအပ ကျန်လေးမြို့ကို သိမ်းပိုက်ရရှိထားခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ