Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့နယ် ပျူစောထီးရွာ စစ်ကောင်စီကင်းစခန်းအား PDFများ တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူကင်းစခန်းကို PDF မဟာမိတ်တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့သည်။

မြင်းချင်းပျူရွာအား ဝင်ရောက်တိုက်ခိုက်နေသောရဲဘော်များ

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ မြင်းချင်းပျူစောထီးကျေးရွာရှိ စစ်ကောင်စီတပ်နှင့်ပျူကင်းစခန်းကို PDF မဟာမိတ်တပ်ဖွဲ့များ သွားရောက်တိုက်ခိုက်ခဲ့သည်။

ယမန်နေ့(သြဂုတ် ၈ရက်) နံနက် ၅ နာရီ ၄၅မိနစ်ခန့်က မြင်းချင်းရွာ အနောက်ပိုင်းရှိ စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကင်းယူထားသော ကင်းစခန်းကို PDF မဟာမိတ်တပ်ဖွဲ့များ အနီးကပ် ချဥ်းကပ်၍ တိုက်ခိုက်ခဲ့သည်။

မြင်းချင်းပျူရွာအား ဝင်ရောက်တိုက်ခိုက်နေသောရဲဘော်များ

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်နှင့်ပျူစောထီးများ ကင်းစခန်းမှ စွန်ခွာထွက်ပြေးပြီး မြင်းချင်းရွာ အရှေ့ပိုင်း၌ အထိုင်ချတပ်စွဲထားသော စာသင်ကျောင်းနှင့် ဘုန်းကြီးကျောင်းသို့ ဆုတ်ခွာသွားကြောင်း မဟူရာ ရွှေဘိုသား LPDF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“သူတို့က ခံစစ်ကို ပြင်ဆင်ပြီး ခုခံတိုက်ခိုက်တယ်။ ကျွန်တော်တို့ မဟာမိတ်တပ်ပေါင်းစုတွေကလည်း အင်အား ထပ်တိုးပြီး ဆက်ပြီးထိုးစစ်ဆင်တိုက်တယ်။ အဲဒီရွာက မြို့နဲ့လည်းနီးတယ်။” ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

နံနက် ၈ နာရီခန့်တွင် ပန်းရံ၊ ဇီးကုန်းနှင့် မင်္ဂလာအစရှိသည့်ကျေးရွာများမှ ပျူစောထီးများသည် ကားသုံးစီးဖြင့် နှစ်ကြိမ်၊ အင်အား ၅၀ ခန့် မြင်းချင်းရွာသို့ စစ်ကူလာ၍ မဟာမိတ်တပ်ဖွဲ့များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း မဟာမိတ်တပ်ဖွဲ့ဝင်များက ပြောသည်။

တိုက်ခိုက်နေစဉ် မဟာမိတ်တပ်ဖွဲ့များမှ ရဲဘော်တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

တိုက်ပွဲပြန်ရဲဘော်များ

တိုက်ပွဲတွင် DaungMann ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ၊ မဟူရာ ရွှေဘိုသား LPDF ၊ ဗိုလ်မဟာ ၊ MC ၊ Shwebo Federal Army ၊ Snake Eyes PDF၊ Warlord Defence Force ၊ Eyes For Eyes ၊ God of Satan၊ရွှေဘိုမြို့နယ် ပကဖ (PDO) အဖွဲ့မှ Drone စသည့် မဟာမိတ် ပူးပေါင်း တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မေလ ၂၄ ရက်ကလည်း မဟာမိတ်တပ်ဖွဲ့များစုပေါင်း၍ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူစောထီးကျေးရွာအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီး သုံးဦး သေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ