Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ စက်သုံးဆီဆိုင်အချို့ အမြတ်ပိုတင်ပြီးရောင်းချနေ

စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရတဲ့ မန္တလေးမြို့က လိုင်စင်ရ ဆီဆိုင်အချို့မှာ ပေါက်စျေးထက် ပိုပြီး အမြတ်တင်ရောင်းချမှုတွေရှိနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။

ဓာတ်ပုံ - MPTA

ဆိုင်းမင်း/People’s Spring

စက်သုံးဆီပြတ်လပ်မှုကို ရင်ဆိုင်နေရတဲ့ မန္တလေးမြို့က လိုင်စင်ရ ဆီဆိုင်အချို့မှာ ပေါက်စျေးထက် ပိုပြီး အမြတ်တင်ရောင်းချမှုတွေရှိနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။

စက်သုံးဆီ တစ်လီတာကို ကျပ် ခြောက်ထောင်အထိ အမြတ်တင်ရောင်းချတာမျိုးကြုံရတာလို့ မြို့ခံတစ်ဦးက ပြောပါတယ်။

“သူတို့က တစ်လီတာကို ၅၈၀၀နဲ့ပြန်ဝယ်ရလို့ ၆၀၀၀နဲ့ရောင်းတာတဲ့ “လို့ အဲဒီမြို့ခံကဆိုပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်စျေးထက်ပိုမိုအမြတ်တင်ရောင်းချတဲ့ဆီဆိုင်တွေဟာ မန္တလေးမြို့ပတ်လမ်း ၊ မြို့ပြင်နေရာတွေနဲ့ မြို့အဝင်အထွက်မှာ ဖွင့်လှစ်ထားတဲ့ဆိုင်တွေဖြစ်တယ်လို့သိရပါတယ်။

မန္တလေးမှာ ဇူလိုင်လကုန်ပိုင်းကစတင်ပြီး စက်သုံးဆီ ပြတ်လတ်မှု ကြုံနေရတာပါ။

ဆီရဖို့ နာရီနဲ့ချီပြီး တန်းစီစောင့်ဆိုင်းရပေမယ့် ကားတစ်စီးကို ကျပ်သုံးသောင်းဖိုး ၊ ဆိုင်ကယ်တစ်စီးကို ကျပ်ငါးထောင်ဖိုး ထိသာ ကန့်သတ်ရောင်းချပေးတာကို ဝယ်ယူရတဲ့အခြေအနေဖြစ်ပါတယ်။

စက်သုံးဆီရဖို့ အချိန်ပေးရတာ ၊ အကန့်အသတ်နဲ့သာဝယ်လို့ရတာတွေကြောင့် မှောင်ခို စျေးကွက်လည်း တွင်ကျယ်လာတယ်လို့ မြို့ခံတွေထံကသိရပါတယ်။

မှောင်ခိုစျေးကွက်မှာ လူသုံးများတဲ့ ဓာတ်ဆီ ၉၂ ၊ ၉၅ တစ်လီတာ ကို ကျပ်ရှစ်ထောင်ကျော်ထိ စျေးရှိနေတာပါ။

စစ်ကောင်စီ ရဲ့ ဒီနေ့ သတ်မှတ်စျေးနှုန်းကတော့ မန္တလေးမှာ ၉၅ တစ်လီတာကို ကျပ် ၂၉၇၅ ကျပ် နဲ့ ၉၂ တစ်လီတာကို ကျပ် ၂၈၅၀ ကျပ် တို့ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ