Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မွန်တပ် MLA အခြေခံစစ်သင်တန်းဆင်းပွဲသို့ TNLA၊ KNU နှင့် PDF တပ်မှူးများ တက်ရောက်

BPLAလည်း အပတ်စဉ်(၇)သင်တန်းဆင်းပွဲပြုလုပ်

ဓာတ်ပုံ - MLA

ဟန်နွေ/People’s Spring

မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) အခြေခံစစ်သင်တန်းဆင်းပွဲ ယနေ့ (ဩဂုတ် ၆ရက်)တွင် ကျင်းပခဲ့ကြောင်း MLAက ဓာတ်ပုံမှတ်တမ်းများနှင့်အတူ သတင်းထုတ်ပြန်သည်။

အဆိုပါ အခမ်းအနားသို့ MLA ဒုစစ်ဦးစီးချုပ် နိုင်မာဃ၊ တအာင်းတပ်မတော်(PSLF/TNLA)မှ ဗိုလ်မှူးကြီး တားဆငည်းလေး၊ ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း (၆)တပ်ရင်းမှူး မန်းညွန့်မောင်၊ KNU ဒူးပလာခရိုင် ကျူံဒိုးမြို့နယ် မြို့နယ်တွဲဖက်အတွင်းရေးမှူး စောသန်းစိုးမြင့်၊ ဂဠုန်စစ်ကြောင်း ဒု-စစ်ကြောင်းမှူး နိုင်စိုးဝင်းတို့က တက်ရောက်အမှာစကားပြောကြားခဲ့ဟု အသိပေးသည်။

ထို့ပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့်တကွ အရပ်ဖက်၊ စစ်ဖက်မှ တာဝန်ရှိပုဂ္ဂိုလ်များလည်း တက်ရောက်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

” ကျနော်တို့ကို PSLF/TNLAက ကျနော်တို့ တပ်စဖွဲ့ကတည်က ဒီနေ့ ဒီအချိန်ထိ တောက်လျှောက် ကျနော်တို့ကို ကူညီနေတာပါ။ အစစအရာရာ။ကျနော်တို့တွေအနေနဲ့ကတော့ အာဏာရှင်စနစ်ကို ကျင့်သုံးနေတဲ့ စစ်ကောင်စီကို ဘုံရန်သူအဖြစ် သတ်မှတ်ပြီး တော်လှန်တိုက်ခိုက်နေတဲ့ ဘယ်အဖွဲ့အစည်းကိုမဆို ဘယ်လို လူပုဂ္ဂိုလ်မျိုးကိုမဆို ကျနော်တို့တွေအနေနဲ့ လက်တွဲ ပြီးတော့ အတူတူ ပူးပေါင်းဆောင်ရွက်နေပါတယ်”ဟု MLA ဒုစစ်ဦးစီးချုပ် နိုင်မာဃက ပြောသည်။

ဆက်လက်၍လည်း လက်တွေ့ကျသည့် ဆောင်ရွက်မှုများ လုပ်ဆောင်သွားမည်ဟု ၎င်းက အသိပေးသည်။လက်ရှိတွင် MLA တပ်များသည် ကော့ဘိန်းတိုက်ပွဲပြီးကတည်းက စစ်မြေပြင်၌ ဆက်လက်တာဝန်ထမ်းဆောင်နေဆဲဖြစ်သည်ဟု နိုင်မာဃက ပြောသည်။

တစ်နိုင်ငံလုံးကို ဒုက္ခပေးနေသည့် စစ်ကောင်စီကို တိုက်ခိုက်ချေမှုန်းနေခြင်းဖြစ်၍ ပြည်သူများအနေဖြင့် တက်နိုင်သည့်ဘက်က ပူးပေါင်းပါဝင်ကူညီပေးရန် ၎င်းက မေတ္တာရပ်ခဲ့သည်။

” နောက်တစ်ခုက မွန်လူငယ်တွေအနေနဲ့လည်း အတူတူ လက်တွဲသွားပြီးတော့ ကျနော်တို့ ဘုံရန်သူကို ကျနော်တို့ အတူတူ တွန်းလှန်ဖို့ကိုလည်း ဖိတ်ခေါ်ပါတယ်။ ကျနော်တို့ အမြဲတမ်းကြိုဆိုနေပါတယ်”ဟု ဒုစစ်ဦးစီးချုပ် နိုင်မာဃက ပြောသည်။

ထို့အပြင် ဗမာပြည်လွတ်မြောက်ရေးတပ် တော်(BPLA)ကလည်း အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၇) သင်တန်းဆင်းပွဲကျင်းပခဲ့ကြောင်း ယနေ့ တွင်ထုတ်ပြန်သည်။

BPLA၏ အပတ်စဉ်(၇)သင်တန်းဆင်းပွဲကို ဩဂုတ် ၅ရက်က အမှတ်(၁၀၇) စစ်ဒေသ၌ ကျင်းပခဲ့ကြောင်း အသိပေးထားပြီး ဓာတ်ပုံမှတ်တမ်းများ ဖော်ပြသည်။

ဆက်စပ်သတင်းများ