Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့က အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်သုံးစစ် အမြစ်ဖြတ်ရေး

(၃၆)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန် သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင် စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေး လူထုလှုပ်ရှားမှု ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ဗကသများအဖွဲ့ချုပ်

(၃၆)နှစ်မြောက် ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အဖြစ် ရန်ကုန် သပိတ်အင်အားစုများက အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင် စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေး လူထုလှုပ်ရှားမှု ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။

ရန်ကုန်သပိတ်အင်အားစုတွေက ဒီကနေ့ ဩဂုတ် ၆ ရက်မှာ ရှစ်လေးလုံး ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံ (၃၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ “မပြီးဆုံးသေးတဲ့ ၈ လေးလုံး လူထုလွတ်မြောက်ရေး ဒို့အတူရုန်း”၊ “The Future of Our Nation is in Our hand”၊ “ရပ်တန့်၍မရ” စာသားပါ ဘန်နာတွေ ကိုင်စွဲပြီး ပြည်သူလူထုတရပ်လုံး ကြုံတွေ့ခံစားနေရတဲ့ အထွေထွေအကျပ်အတည်းဖြေရှင်းရေးနဲ့ စစ်အာဏာရှင်စနစ် (စစ်သုံးစစ်) အမြစ်ဖြတ်ရေးဆိုင်ရာ လှုံ့ဆော်လှုပ်ရှားမှုတရပ်ကို ရန်သူ့ဖိနှိပ်မှု‌ တင်းကျပ်နေတဲ့ကြားက ပြုလုပ်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ