Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

TNLA သိမ်းထားသည့် မိုးကုတ်နှင့် နောင်ချိုတွင် တိုက်ပွဲဖြစ်

မိုးကုတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

ထားမြတ်/People’s Spring

မိုးကုတ်နှင့် နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ယနေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) ၄၃ရက်မြောက် ဩဂုတ် ၆ရက် စစ်ရေးသတင်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်ရှိ နောင်ချိုမြို့နယ် ရွှေမုဠောကျေးရွာသို့ စစ်ကောင်စီက အင်အားဖြည့်တင်းလာ၍ ရင်ဆိုင်တိုက်ပွဲဖြစ်ခဲ့ဟု TNLAက အသိပေးသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်တွင်လည်း ထွက်ပြေးသွားသော စစ်ကောင်စီ လက်ကျန်တပ်ဖွဲ့ဝင်များကို TNLA မှ လိုက်လံရှင်းလင်းလျက်ရှိရာ စိန်ကုန်းရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်သည်။

တိုက်ပွဲများအတွင်း ထိခိုက်ကျဆုံးရှိမရှိ အခြေအနေကို ဖော်ပြမထားပေ။

TNLAသည် မိုးကုတ်မြို့ကို ဇူလိုင် ၂၄ရက်တွင် သိမ်ပိုက်ခဲ့ပြီး နောင်ချိုမြို့ကို ဇူလိုင် ၁၀ရက်တွင် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

၁၀၂၇ စစ်ဆင်ရေးကို ဇွန်လ ၂၅ရက်မှ စတင်ခဲ့ရာ လက်ရှိတွင် နောင်ချို၊ မိုးကုတ်၊ မိုးမိတ်နှင့် ကျောက်မဲ မြို့များကို TNLAက အလုံးစုံသိမ်းပိုက်ရရှိထားပြီးဖြစ်သည်။

ဆက်စပ်သတင်းများ