ဇေအောင်/People’s Spring
မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းများပါ သိမ်းဆည်းရမိကြောင်း တအာင်းတပ်မတော် (TNLA)က ယနေ့(ဇူလိုင်၂၉ရက်)ညပိုင်းတွင် သတင်းထုတ်ပြန်သည်။
တပ်မဟာ (၂)နယ်မြေ မိုးကုတ်မြို့ အနောက်ပိုင်းရှိ ဖြူရောင်ကုန်းမှ ထွက်ပြေးလွတ်မြောက်သွားသည့် စစ်ကောင်စီတပ်သားများအား လိုက်လံရှင်းလင်းရာ စစ်သုံ့ပန်း ၂၀ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်း ၂၃လက် သိမ်းဆည်းရမိခဲ့ကြောင်း TNLA၏သတင်းနှင့်ပြန်ကြားရေးဌာနက အသိပေးသည်။

Public Service Announcement




ထို့နောက် တပ်မဟာ (၃) နယ်မြေ မိုးမိတ်မြို့တွင် လက်ကျန်စစ်ကောင်စီတပ်စခန်းများအား တအာင်းတပ်မတော် TNLAက လိုက်လံရှင်းလင်းရာ စစ်ကောင်စီတပ်၏ လုံခြုံရေးကုန်းမှ သေနတ်(၈)လက်၊ RPG တစ်လက်၊ ငါးကျည်းမြှီး တစ်လက်၊ ၆၀မမ ပြောင်းတို တစ်လက်၊ ၆၀မမ ပြောင်းရှည် တစ်လက်၊ ၈၁ မမ နောက်ပွင့် တစ်လက် စုစုပေါင်း ၁၃လက် သိမ်းဆည်းရမိခဲ့သည်ဟု တအာင်းတပ်မတော် TNLA က ထပ်မံ အသိပေးသည်။
တအာင်းပြည်တပ်မဟာ (၂)နယ်မြေ ကျောက်မဲမြို့တွင်လည်း TNLAနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်၏ တပ်မ (၁၁)၊ ခမရ (၅၀၁) တပ်စခန်းတို့၌ လက်နက် (၃၇)လက်နှင့် စစ်အသုံးအဆောင်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
စစ်ကောင်စီထံမှ သိမ်းဆည်းရမိထားသည့် လက်နက်များသည် MA1 (၉)လက်၊ MA2 နှစ်လက်၊ MA3 (၁၅)လက်၊ MA11 (၆)လက်၊ M22 တစ်လက်၊ RPG တစ်လက်၊ ၄၅ မမ တစ်လက်၊ ၆၀မမ တစ်လက်၊ Pistol တစ်လက်အပြင် စကားပြောစက်၊ ကျည်ဆံနှင့် စစ်အသုံးအဆောင်ပစ္စည်းများပါ သိမ်းဆည်းရမိခဲ့သည်ဟု TNLAက အသိပေးထားသည်။
