ရောင်နီ / People’s Spring
ကွမ်းရွက်အဓိကစိုက်ပျိုးသည့် ဧရာဝတီတိုင်းတွင် ရေကြီးနေသောကြောင့် ကွမ်းရွက် တစ်ပိဿာကျပ်ငါးသောင်းကျော်အထိ စံချိန်တင်မြင့်တတ်နေကြောင်း ကွမ်းယာရောင်းချသူများကပြောသည်။
“ဒီရက်ထဲမှာ ဆက်တိုက်တတ်နေတာ နှစ်သောင်းရှစ်ထောင်ကနေ တစ်ပတ်လောက်အတွင်းမှာ ငါးသောင်းကျော်သွားတာ။ ဒီနေ့ဆို ငါးသောင်းနှစ်ထောင်အထိဝယ်ရတယ်” ဟု ရန်ကုန်မြို့မှ ကွမ်းယာရောင်းချသူတဦးကပြောသည်။

Public Service Announcement
ထို့ကြောင့် မြန်မာဆေး နှင့် ကွမ်းတစ်ယာ ၁၀၀ ကျပ်နှုန်းရောင်းချနေရပြီးဆေးမွှေး(92/ဘုရင်မ)များနှင့် စားပါက ငါးရာဖိုး ကွမ်း ၃ယာသာရတော့ကြောင်း ၎င်းကဆက်ပြောသည်။
“ကွမ်း ၁၅၀၀ ဖိုးဝယ်တာ ။ ကိုးရာပဲရတော့တယ်။ဒီ့ထက်ဈေးတတ်ရင်တော့ ကွမ်းဖြတ်ရတော့မယ်။” ဟု ကွမ်းစားသူတဦးကပြောသည်။
ကွမ်းရွက်ဈေးများသာမက ကွမ်းသီး ၊ ဆေး ဈေးများလည်း အနည်းငယ်တတ်သောကြောင့် ကွမ်းယာအရေအတွက်လျော့ချရခြင်းဖြစ်သည်ဟု ကွမ်းဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။
“အာဏာမသိမ်းခင်ကဆို ငါးရာဖိုးကို မြန်မာဆေးနဲ့က ၁၅ ယာလောက်ရတာ။ အခုတော့ ငါးယာပဲရတော့တယ်။ ဆေးမွှေးနဲ့က ၁၂ ယာ အခုက သုံးယာ ” ဟု ၎င်းကအာဏာမသိမ်းမီကာလနှင့် နှိုင်းယှဉ်၍ပြောသည်။ ထိုကြောင့် စစ်တပ်အာဏာမသိမ်းခင်ကနှင့် နှိုင်းယှဥ်လျင် အခြားကုန်ဈေးနှုန်းများကဲ့သို့ပင်အနည်းဆုံး ဈေး ၂ ဆ တက်ခဲ့ခြင်းဖြစ်သည်။
ကွမ်းရွက်ဈေးထပ်မံတတ်ပါက မရောင်းပဲဆိုင်ပိတ်ထားရမည်ဟု ကွမ်းယာရောင်းသူတဦးကပြောသည်။
ယခင်ကလည်း ကွမ်းရွက်ဈေးကြီးမြင့်မှုကြုံဖူးသော်လည်း တစ်ပိဿာ သုံးသောင်းကျော်အထိသာအများဆုံးဈေးတက်ခဲ့ကြောင်း ကွမ်းဆိုင်ပိုင်ရှင်များကပြောသည်။
