မိထက်/People’s Spring
အာရက္ခတပ်တော်(AA)၏ သံတွဲမြို့သိမ်းတိုက်ပွဲ အတွင်းဇူလိုင်လ ၁၅ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ်မှ ဗိုလ်မှူးဖြိုးမင်းလတ်သေဆုံးခဲ့သည်။
အသက်(၃၇)နှစ်အရွယ် ဗိုလ်မှူးဖြိုးမင်းလတ်သည် ဇူလိုင်လ ၁၅ရက်က သံတွဲမြို့ တိုက်ပွဲ၌ သေဆုံးပြီး ဇူလိုင် ၂၁ ရက်တွင်ရက်လည်ပြုလုပ်မည်ဖြစ်ကြောင်းမိသားစုနှင့် နီးစပ်သော စသတင်းရင်းမြစ်အချို့ကပြောသည်။ ရက်လည်ဆွမ်းတရားနာဖိတ်စာတွင်မူ ၉၆ ပါးရောဂါကြောင့်သေဆုံးခြင်းဟု ဖော်ပြထားသည်။

Public Service Announcement

” ညီမရဲ့ တစ်ဦးတည်းချစ်ရပါသောကိုကြီးလေး၊ မိဖ၊မိသားစု၊ တိုင်းပြည်နှင့်လူမျိုးအပေါ် ကိုကြီးတာဝန်ကျေပါတယ်”ဟု ၎င်း၏ ဇနီးဖြစ်သူက လူမှုကွန်ရက်တွင်ရေးသားထားသည်ကိုတွေ့ရသည်။
ဗိုလ်မှူးဖြိုးမင်းလတ်၏ ရုပ်အလောင်းကို သံတွဲမြို့၌ပင်သင်္ဂြိုဟ်လိုက်ကြောင်း စုံစမ်းသိရသည်။၎င်း၏ရက်လည် ဆွမ်းသွပ်ပွဲကို မန္တလေးမြို့ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) တွင် ဇူလိုင်လ ၂၁ရက်၌ ပြုလုပ်မည်ဖြစ်သည်။
ဗိုလ်မှူးဖြိုးမင်းလတ်၏ဇနီးသည် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညတက္ကသိုလ်(မန္တလေး)မှ စစ်ကောင်စီဝန်ထမ်း
တစ်ဦးဖြစ်သည်။ ဗိုလ်မှူး ဖြိုးမင်းလတ် တိုက်ပွဲ၌ သေဆုံးခဲ့သောကြောင့် ဇနီး နှင့် သမီးတစ်ဦးကျန်ခဲ့သည်။
သံတွဲမြို့မှစစ်ကောင်စီစခန်းများကို အာရက္ခတပ်တော်(AA) ပြီးခဲ့သည့်ဧပြီလတွင်စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးဇွန်လ ၂၇ ရက်တွင် အမှတ် ၅၆၆ မြေမြန်တပ်ရင်း (ခမရ ၅၆၆)ကိုလည်းကောင်း ၊ ဇူလိုင် ၉ ရက်တွင် အမှတ် (၅၅) ခြေလျင်တပ်ရင်း(ခလရ ၅၅)ကိုလည်းကောင်း ၊ ငပလီ (မဇင်)လေဆိပ် အနီး ခံစစ်ပြင်ထားသော စစ်ကောင်စီတပ် ဇူလိုင်လ ၅ ရက်တွင် လည်းကောင်း ငပလီမြို့အနီး ဝန်းကျင်ရှိစစ်တပ်စခန်းများ ၊စစ်တပ်တပ်စွဲရာနေရာများကို AA ကအပြီးသတ်သိမ်းပိုက်ခဲ့သည်။ စစ်တပ်စခန်းများကို သိမ်ပိုက်ရာတွင် လက်နက်ခဲယမ်းအများအပြားရရှိပြီး ငပလီမြို့သိမ်းတိုက်ပွဲတွင် စစ်ကောင်စီ၏ တပ်မ ၁၀၁ လက်အောက်ခံတပ်ရင်းအားလုံးကို ချေမှုန်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်သားရာပေါင်းများစွာသေဆုံးခဲ့ကြောင်း AA က ဇူလိုင် ၇ ရက်တွင်ထုတ်ပြန်ထားသည်။

ထိုအပြင် သံတွဲအကျဥ်းထောင်အပါအဝင် သံတွဲမြို့တွင်းနှင့် မြို့ဝန်းကျင် ၌ ခံစစ်ပြင် ခုခံနေသောစစ်ကောင်စီတပ်ကို အပြီးသတ်တိုက်ခိုက်၍ မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ရန်ဆက်လက်ထိုးစစ်ဆင်မည်ဟု AA က ဇူလိုင် ၁၁ ရက်ကထုတ်ပြန်ထားသည်။
ထပ်မံရရှိသော သတင်ူများအရ သံတွဲအကျဉ်းထောင်၌ခံစစ်ပြင် ခုခံနေသော စစ်ကောင်စီတပ်ကိုAA က ဇူလိုင်လ ၁၅ရက်တွင်အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီး နိုင်ငံရေးအကျဥ်းသားများအပါအဝင် အကျဉ်းသားများကို ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသတွင်းသတင်းဌာနအချို့ကဖော်ပြသည်။ထိုနောက် သံတွဲမြို့ကို AA ကထိန်းချုပ်ထားနိုင်ပြီး ထွက်ပြေးသွားသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံတိုက်ခိုက်နေကြောင်း သတင်းရရှိသည်။
ထိုကြောင့် ဗိုလ်မှူးဖြိုးမင်းလတ်သည် သံတွဲထောင်ကို AA ထိန်းချုပ်နိုင်ခဲ့သော ဇူလိုင် ၁၅ ရက် မြို့တွင်းတိုက်ပွဲတစ်ခုတွင် သေဆုံးခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့ကပြောသည်။
