Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီလက်နက်ဝယ်ယူမှုများအတွက် ငွေပေးချေမှုများမပြုလုပ်ခဲ့ကြောင်း ထိုင်းSCBငြင်းဆန်

ကုလအစီရင်ခံတွင် ထိုင်းSCBဘဏ်သည် စစ်ကောင်စီအတွက် ၂၀၂၃တွင် ငွေပေးချေမှုက ဒေါ်လာ ၅ သန်းသာရှိခဲ့သော်လည်း ၂၀၂၄တွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိမြင့်တက်သွားသည်ဟု အစီရင်ခံစာက​ဖော်ပြထားသည်။

စစ်ကောင်စီလက်နက်ဝယ်ယူမှုများအတွက် ငွေပေးချေမှုများမပြုလုပ်ခဲ့ကြောင်း ထိုင်းSCBငြင်းဆန်
စစ်ကောင်စီလက်နက်ဝယ်ယူမှုများအတွက် ငွေပေးချေမှုများမပြုလုပ်ခဲ့ကြောင်း ထိုင်းSCBငြင်းဆန်

စောနွေဦး/People’s Spring

မြန်မာနိုင်ငံနှင့်ပတ်သတ်ပြီး ငွေပေးချေမှုများသည် လူသုံးကုန်စည်ပေးချေမှု နှင့် စွမ်းအင်ပေးချေမှုများအတွက်သာဖြစ်ပြီး လက်နက်ကုန်သွယ်မှုများအတွက် မပြုလုပ်ခဲ့ကြောင်း ထိုင်းSCBဘဏ်က ဇွန် ၂၇ ရက်တွင်ငြင်းဆိုသည်။

ကုလသမဂ္ဂ၏ မြန်မာ့လူအခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် တွမ်အန်ဒရူး၏ ကုလသမဂ္ဂသို့တင်သွင်း​သော အစီရင်ခံစာတွင် ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း စစ်ကောင်စီအတွက်လက်နက်ဝယ်ယူများအတွက် ငွေလွဲမှုများကို ထိုင်းဘဏ် ၅ ခုက အဓိက ကူညီခဲ့ကြောင်း​ဖော်ပြထားသည်။

ထိုကြေညာချက်တွင် SCBဘဏ်က အဓိက ကူညီခဲ့ကြောင်းဆိုခဲ့ပြီးနောက် အဆိုပါဘဏ်က ယခုလို ထုတ်ပြန်ချက်ထုတ်ငြင်းဆန်လိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အစီရင်ခံစာကို တုံ့ပြန်သည့်အနေဖြင့် ဘဏ်အတွင်း စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပါတယ်။ ကော်ပိုရိတ်ဖောက်သည်များ (အစုအဖွဲ့၊ အသင်းအဖွဲ့များကဖွင့်လှစ်သည့် ဘဏ်စာရင်းများ) က ပြုလုပ်တဲ့ အရောင်းအ၀ယ်အများအပြားဟာ ပုံမှန်စီးပွားရေးလုပ်ငန်းဆောင်တာများဖြစ်တဲ့ လူသုံးကုန်ပစ္စည်းများနဲ့ စွမ်းအင်အတွက် ငွေပေးချေမှုများသာဖြစ်တယ်လို့တွေ့ရှိရပါတယ်။” ဟု ထိုင်းSCBဘဏ်ကဆိုထားသည်။

ထိုအရောင်းအဝယ်မှုများသည် လက်နက်ကုန်သွယ်မှုနှင့် ဆက်စပ်မှုမရှိကြောင်း ၊ ယမန်နှစ်ပေးချေမှုနှင့်နှိုင်းယှဉ်ပါက သိသိသာသာတိုးတက်လာခြင်းမရှိဟုလည်း ထိုင်းဘဏ်ကဆိုထားသည်။ ထိုပြင် ငွေလွှဲမှုများ မလုပ်ဆောင်မီ အာဏာပိုင်များထံကိုလည်း အစီရင်ခံတင်ပြခဲ့သည်ဟုလည်း ထိုင်းဘဏ်ကဆိုသည်။

ကုလအစီရင်ခံတွင် ထိုင်းSCBဘဏ်သည် စစ်ကောင်စီအတွက် ၂၀၂၃တွင် ငွေပေးချေမှုက ဒေါ်လာ ၅ သန်းသာရှိခဲ့သော်လည်း ၂၀၂၄တွင် ကန်ဒေါ်လာ သန်း ၁၀၀ အထိမြင့်တက်သွားသည်ဟု အစီရင်ခံစာက​ဖော်ပြထားသည်။

ကုလအစီရင်ခံစာတွင် စစ်ကောင်စီအတွက် ငွေပေးချေးအတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနာမည်ဖြင့် နိုင်ငံခြားဘဏ် ၁၆ ခုကို အသုံးပြုခဲ့ပြီး ထိုထဲတွင် ထိုင်းဘဏ် ၅ ခုပါဝင်ခဲ့သည်ဟု​ဖော်ပြထားသည်။ အဆိုပါထိုင်းဘဏ် ၅ ခုတွင် ငွေပေးချေမှုအများဆုံးပြုုလုပ်ခဲ့သည့် ဘဏ်သည် ထိုင်းSCBဘဏ်ဖြစ်သည်ဟု​ပြောခဲ့ခြင်းဖြစ်သည်။

ကုလအစီရင်ခံစာတွင် ထုတ်ဖော်ချက်အရ ထိုင်းဘဏ်များ စစ်ကောင်စီအတွက် စစ်လက်နက်တင်သွင်းမှုများအတွက် ငွေပေးချေရာတွင် ယခင်နှစ်ထက် နှစ်ဆမြင့်တက်လာပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၁၂၀ ဖိုးရှိသည်ဟုသိရသည်။

SCBဘဏ်ကို မြန်မာနိုင်ငံတွင် ​ရွေး​ကောက်ခံအရပ်သားအစိုးရလက်ထက် ၂၀၂၀ ဧပြီ ၉ ရက်၌ ဘဏ်ခွဲဖွင့်လှစ်ခွင့်လိုင်စင်ကိုအခြားနိုင်ငံခြား ၇ခုနှင့်အတူ ဗဟိုဘဏ်က ခွင့်ပြုခဲ့သည်။ SCBဘဏ်သည် မြန်မာနိုင်ငံတွင် SCBဘဏ်လုပ်ငန်းစုပိုင် ဘဏ်ကုမ္ပဏီကို ဖွင့်လှစ်ထားပြီး အခြားနိုင်ငံ ၇ ခုတွင်လည်း ဘဏ်လုပ်ငန်းများဆောင်ရွက်နေသည်။

ဆက်စပ်သတင်းများ

သတင်း

TNLA နှင့် ပူးပေါင်းတပ်များအနေဖြင့် ဇွန်လ ၂၅ရက်မှ ယမန်နေ့ အထိ ၄ရက်တာအတွင်း စစ်ကောင်စီတပ်စခန်း ၃၀ခန့် သိမ်းပိုက်ရရှိထားပြီး စစ်သုံ့ပန်းများ၊လက်နက်ခဲယမ်းများလည်း ရရှိထားသည်။

သတင်း

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လေးရက် မြောက်ဖြစ်သည့် ဇွန်လ ၂၈ရက်စစ်ရေးအခြေအနေကို ယနေ့(ဇွန်လ ၂၈ရက်)ညပိုင်း၌ ထုတ်ပြန်လာခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီကို အားပေး၊ထောက်ခံ၊ ကူညီသော မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို မပြုလုပ်ကြရန်လည်း အသိပေးကြောင်း ဖော်ပြထားသည်။

သတင်း

ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မာရစ် ဆန်ဂီယမ်ပွန်ဆာက အန်ဒရူးရဲ့ အစီရင်ခံစာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ Kaohoon သတင်းဌာနကို ပြောကြားခဲ့ပါတယ်။