Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျောက်မဲတွင် ယနေ့နံနက် တိုက်ပွဲစဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးများ ပစ်ခတ်နေ

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နှင့် မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း MDY-PDFနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် ထိုးစစ်များ အတူဆောင်ရွက်ခဲ့သည်။

(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)
(တအာင်းတပ်မတော်(TNLA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - TNLA)

▪️TNLA၊ PDFနှင့် မဟာမိတ်များက ထိုးစစ်ဆင်လာခြင်းဖြစ်နိုင်ဟု ဒေသခံပြော

ဟန်နွေ၊ဇော်ရမ်း/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်တွင် ယနေ့(ဇွန်လ ၂၅ရက်)မှစတင်တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်းကျောက်မဲ ဒေသခံက ပြောသည်။

“ဒီနေ့မနက်ကထူးခြားမှုရှိတယ်။ လက်နက်ကြီးသံလည်း တဒုန်းဒုန်းသံ အဝေးပစ်တဲ့ ပုံစံကြားနေရတယ်။ ဆက်တိုက်ဆက်တိုက်။မြို့နဲ့ ၁၀မိုင်ပတ်ချာလောက်လို့ခန့်မှန်းရတာပေါ့။အခုလောလောဆယ် တိုက်ပွဲဖြစ်နေတာက ရှမ်းမြောက်မှာ TNLA၊ PDF ပြီးတော့မှ သူတို့မြောက်ပိုင်းမဟာမိတ်အဖွဲ့နဲ့ ဖြစ်တာနေမယ်”ဟု ဒေသခံက ပြောသည်။

ကျောက်မဲတွင် တအာင်းတပ်မတော်(TNLA) နှင့်မဟာမိတ် များက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် ဖော်ဆောင်သည့် ၁၀၂၇ စစ်ဆင်ရေးကာ လ၌တိုက်ပွဲဖြစ်ပွားမှုများ ရှိပြီး ၂၀၂၄ ဇန်နဝါရီတွင် ညီနောင်သုံးဖွဲ့နှင့် စစ်ကောင်စီကြား အပစ်ရပ်ပြီးနောက် ကာလအတန်ကြာ တိုက်ပွဲငြိမ်းသက်နေရာမှယ နေ့တွင် တိုက်ပွဲ ပြန်စခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“ငြိမ်သွားတာတော်တော်ကြာပြီ။ဒီကြားထဲမှာလည်း ဘယ်နေ့လာမယ် အင်အားဘယ်လောက်ရှိတယ်ဆိုတဲ့ကောလာဟလ အသံတွေကြားနေရတာရှိတယ်။ ဒီနေ့မနက်မှ လက်နက်ကြီးသံဆက်တိုက်ကြားရတာပေါ့။မြို့ပေါ်ကနေ ကြားရတာ။မြို့ပေါ်မှာတော့တိုက်ပွဲဖြစ်နေတဲ့အနေအထားမရှိဘူး။ အခုဖြစ်တဲ့နေရာက သတင်းကြားတာက စခန်းသာဘက် သို့မဟုတ် ဂုတ်တွင်း ပတ်ဝန်းကျင် တစ်ဝိုက် အဲဒီလိုဖြစ်ဖို့များတယ်။သတင်းကြားတာပေါ့” ဟု ကျောက်မဲ ဒေသခံက ပြောသည်။

ယနေ့ နံနက် ကျောက်မဲတိုက်ပွဲသည် မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းမပေါ်ရှိ စခန်းသာနှင့် ကျောက်မဲမြို့ဘိုးဘွားရိပ်သာအနီး တောင်နောက်ရွာ၌ စစ်ကောင်စီစစ်ကြောင်းရောက်ရှိလာ၍ TNLA၊PDFပူးပေါင်းတပ်ဖွဲ့နှင့် ဖြစ်ပွားခြင်းဟု ဒေသခံများက ပြောသည်။

” စစ်တပ်ကရှေ့တိုးလာတော့ တိုက်ပွဲဖြစ်မှာကိုကြိုသိကြတယ်။ ဒါပေမဲ့အခုကအရမ်းမြန်နေတယ်။ ရှေ့ဆက်ပြီးတော့ ချကြတော့မယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီဟု ယနေ့နံနက် သတိပေးထားသည်။

မြို့ခံများသည် ဘေးလွတ်ရာသို့တိမ်းရှောင်နိုင်ရေး ပြင်ဆင်နေကြသည်။ ပြည်ထောင်စုလမ်းမပေါ်တွင်သွားလာနေသော ခရီးသွားများ လုံခြုံရေးသတိပြုကြရန် ကျောက်မဲမြို့ခံများကသတိပေးသည်။ လက်ရှိတွင် ကျောက်မဲမြို့အဝင်၊အထွက်လမ်းကို စစ်ကောင်စီက ပိတ်ထားကြောင်းဒေသခံများက ပြောသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမြို့အနီးတွင် ယမန်နေ့ကလည်း စစ်ကောင်စီနှင့်ကိုးကန့်တပ်မတော် ၁၀မိနစ်ခန့်ကြာပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

အပစ်ရပ်ကာလအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ၊ လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိ၍ ပြည်သူလူထုများ လူမှုဘ၀လုံခြုံရေး အထူးဂရုစိုက်ရန် TNLA ခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်တားဘုန်းကျော်က ဇွန် ၂၄ရက်တွင် အဖွဲ့ သတင်းပြန်ကြားရေးဌာနမှတဆင့်အသိပေးထားသည်။ စစ်ကောင်စီက အပစ်ရပ်စဲရေးစာချုပ် ဟိုင်ဂင်သဘောတူညီချက်ကို လိုက်နာနိုင်ရန် သံသယရှိ၍ တိုက်ပွဲများ အချိန်မရွေးပြန်ဖြစ်လာနိုင်ကြောင်းလည်း TNLA အထွေထွေအတွင်းရေးမှူးဖြစ်သူ ဗိုလ်မှူးချုပ်တားဘုန်းကျော်က ပြောကြားသည်။

“စကစ အဓိက ခြိမ်းခြောက်နိုင်တာက လေကြောင်း စစ်ဆင်ရေးတွေဖြစ်ပါတယ်။ လက်နက်ကြီးတွေဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ အဲဒီဒဏ်ခံနိုင်အောင် ဘယ်လိုကြိုတင်စီမံရမလဲဆိုတာသေချာ စီမံဖို့လိုတယ်။ ပြီးတော့ ကျောက်မဲ သီပေါ၊လားရှိုး စသဖြင့် မိုးကုတ် ၊ မိုးမိတ် ကျနော်တို့ တအာင်းဒေသအတွင်းထဲမှာ တပ်မဟာ(၂)၊ တပ်မဟာ(၄) ကျန်နေတဲ့ ဒေသတွေမှာဆိုရင် စကစနဲ့ နီးစပ်နေတဲ့ ဒေသဖြစ်တယ်ဆိုတော့ အထူးစိတ်ပူ စိုးရိမ်နေရတဲ့ အနေအထားဖြစ်ပါတယ်။”ဟု ဗိုလ်ချုပ်တားဘုန်းကျောက် ယမန်နေ့တွင် ပြောကြားခဲ့ပြီး အထူးသတိထားရန် သတိပေးသည်။

TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလတွင် စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နှင့် မြို့ ၇မြို့ကိုသိမ်းပိုက်ခဲ့သည်။ စစ်ဆင်ရေးကာလအတွင်း MDY-PDFနှင့် ပူးပေါင်းပြီးစစ်ကောင်စီတပ်ကို တိုက်ခိုက်သည့် ထိုးစစ်များ အတူဆောင်ရွက်ခဲ့သည်။

၂၀၂၄ နှစ်ဆန်းတွင် တရုတ်အစိုးရ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲခဲ့သော်လည်း စစ်ကောင်စီက TNLA တပ်စခန်းအချို့အပါအဝင် TNLA တပ်ရှိရာများကို လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများ ပြုလုပ်ခဲ့၍ အရပ်သားသေဆုံးထိခိုက်မှု၊TNLA ရဲဘော် သေဆုံးထိခိုက်မှုရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်ကျောက်မဲခရိုင်တပ်ရင်းကလည်း မြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီဟု ယနေ့နံနက် သတိပေးထားသည်။

သတင်း

မြန်မာနိုင်ငံတဝန်းလုံး စစ်မီးများပိုမိုတောက်လောင်လာ၍ စားဝတ်နေရေး ကုန်စျေးနှုန်းများ ကြီးလာခြင်း၊ ကုန်စျေးနှုန်းတက်ခြင်းနှင့်အတူ စစ်အာဏာရှင်များ၏ ဖိနှိပ်ကန့်သတ်မှုကြောင့် ဝယ်ယူရန်ပင် ခက်ခဲနေခြင်းတို့ကို TNLA ခေါင်းဆောင်က ပြောသည်။

သတင်း

လွိုင်ကော်မြို့တွင်း၌ စစ်ကြောင်းပြန်ထိုးတော့မည်ဟု စစ်ကောင်စီဝါဒဖြန့်သူများက လူမှုကွန်ရက်တွင် ဖြန့်ဝေမှုများရှိနေသည်။

မေးမြန်းခန်း

အာဏာသိမ်းစစ်​ကောင်စီအ​ပေါ် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် စတင်ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ သပိတ်ဦးဆောင်ရာတွင်ပါဝင်သည့် ချောင်းဦးဆရာတော်နှင့် လူထုနွေဦး၏ ​မေးမြန်းခန်းကို ဖော်ပြလိုက်ပါသည်။