ရဲခေါင်/People’s Spring
မြင်းခြံမြို့နယ်အတွင်းတိုက်ပွဲ၌ စစ်ကောင်စီတပ်သား ၁၃ ဦး သေဆုံးပြီး လေးဦးအရှင်ဖမ်းမိကြောင်း မလှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့( မလှိုင် ပကဖ )နှင့် နီးစပ်သူတစ်ဦးက လူထုနွေဦးသို့ပြောသည်။
မြင်းခြံမြို့နယ်အတွင်းစစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်စစ်ကြောင်းကို တန်ပြန်တိုက်ခိုက်ခဲ့ခြင်းရာတွင် စစ်ကောင်စီတပ်သေဆုံးဒဏ်ရာရသူများပြီး အထိနာခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အဆိုပါစစ်ကြောင်းမှ သေဆုံး၊ဖမ်းမိခဲ့သည့် စစ်ကောင်စီတပ်သား များ ပါဝင်သော ရုပ်သံဖိုင်မှတ်တမ်းမှာလည်း လူမှုကွန်ရက်စာမျက်နှာအချို့တွင် ပျံ့နှံ့လျက်ရှိသည်။ စစ်ကောင်

Public Service Announcement
စီတပ်သား အလောင်း ၁၃ လောင်းကို ကားပေါ်တွင်တင်ထားသည်ကိုတွေ့ရပြီး စစ်သားအလောင်းများကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များကဆွဲလာခြင်း ၊စစ်သားအချို့ကို ဖမ်းလာသည်ကိုလည်း ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။ရုပ်သံမှတ်တမ်းကို People’s Spring တယ်လီဂရန်ချန်နယ် https://t.me/PeopleSpring/44852 တွင်ကြည့်ရှုနိုင်ပါသည်။
“ဒီလ(ဇွန်လ) ၄ ရက်နေ့က တိုက်ပွဲပေါ့။နေရာအသေးစိတ်တော့ လုံခြုံရေးအခြေအနေအရ မပြောနိုင်သေးဘူး။မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က အသေးစိတ်ထုတ်ပြန်ပါလိမ့်မယ်”ဟု မလှိုင် ပ.က.ဖ နှင့် နီးစပ်သူကရှင်းပြသည်။
လက်ရှိတွင် စစ်ကောင်စီက နွားထိုးကြီး နှင့် မြင်းခြံမြို့နယ်တို့တွင် စစ်ကြောင်းများထိုးလျှက်ရှိပြီး တိုက်ပွဲများ ဖြစ်ပွားနေဆဲဖြစ်ကြောင်း ဒေသခံခံသတင်းရင်းမြစ်အချို့က ပြောသည်။
“စစ်ကြောင်းထိုးပြီးတိုက်ပွဲတွေဆက်ဖြစ်နေဆဲမို့လို့ ဘာမှပြန်မဖြေပေးနိုင်တာကို နားလည်ပေးနိုင်လိမ့်မယ် လို့မျှော်လင့်ပါတယ်”ဟု မြင်းခြံမြို့နယ် ပ.က.ဖ တာဝန်ရှိသူတစ်ဦးက People’s Spring သို့ပြောသည်။
အင်အား ၂၀၀ ကျော်ပါသောစစ်ကောင်စီတပ်စစ်ကြောင်းတစ်ကြောင်းသည် မေလ ဒုတိယပတ်ကစ၍မြင်းခြံမြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်နေ၍ ပြည်သူများကိုဖမ်းဆီးသတ်ဖြတ်ခြင်း ၊ ပြည်သူ့ပစ္စည်းများလုယက်ခြင်း၊မီးရှို့ဖျက်ဆီးခြင်းစသဖြင့် နည်းမျိုးစုံဖြင့်အကြမ်းဖက်နေကြောင်း ဒေသခံအချို့ကပြောသည်။ စစ်ကောင်စီတပ်စစ်ကြောင်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကလည်းပြောက်ကျားနည်းဖြင့်တိုက်လိုက်နေခြင်းဖြစ်သည်။
