Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မိုးမိတ်နှင့် နောင်ချိုတွင် စစ်ကောင်စီက အရပ်သားများဦးတည်ပြီး လက်နက်ကြီးဖြင့်ပစ်ခတ်နေ

ဇွန်လ ၂ရက်ကလည်း နောင်ချိုမြိုနယ် ကန်ကော်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်သည်။

(စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ - စကစ)
(စစ်ကောင်စီတပ်သားများက လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို တွေ့ရစဥ်။ ပုံအဟောင်းအသုံးပြုထားပါသည်။ ဓာတ်ပုံ - စကစ)

▪️လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နှင့် မိုးမိတ်မြို့တို့တွင် စစ်ကောင်စီ စစ်အင်အားဖြည့်တင်း စစ်ရေးပြင်ဆင်နေဟု TNLA ထုတ်ပြန်

ဟန်နွေ/People’s Spring

တအာင်းတပ်မတော်(TNLA)တပ်မဟာ(၃)စစ်ဒေသ မိုးမိတ်မြို့နယ်နှင့် တပ်မဟာ(၂) စစ်ဒေသ နောင်ချိုမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရပ်သားပြည်သူများရှိရာသို့ လက်နက်ကြီးနေ့စဉ်ပစ်ခတ်သဖြင့် ပြည်သူများစိုးရိမ်နေကြရကြောင်း TNLAက သတင်းထုတ်ပြန်သည်။

ဇွန် ၃ရက်တွင် နောင်ချိုမြို့နယ် ကန်တော်ရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီက ဆီးဖြူပင်ကျေးရွာဘက်သို့ လက်နက်ကြီး လေးကြိမ် ပစ်ခတ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်း၌ မိုးမိတ်မြို့နယ် မန်ဖွယ်ကျေးရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် လေးကြိမ်ပစ်ခတ်ခဲ့ဟု ဖော်ပြသည်။

” အဲဒီမှာ စစ်ကောင်စီက အရပ်သားတွေကို ဦးတည်ပြီးတော့မှ တိုက်ခိုက်တာမျိုးတွေဖြစ်တယ်။နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး”ဟု TNLA သတင်းပြန်ကြားရေးတာဝန်ခံ လွေးယေဦးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါကျေးရွာများအနီးတွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်ပျက်စီးမှုများ မရှိသော်လည်း ပြည်သူများစိုးရိမ်ပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရကြောင်း အသိပေးထားသည်။

ဇွန်လ ၂ရက်ကလည်း နောင်ချိုမြို့နယ် ကန်ကော်ရွာတွင်တပ်စွဲထားသည့် စစ်ကောင်စီတပ်မှ TNLA တပ်စခန်းရှိရာသို့ လက်နက်ကြီးပစ်ခတ်မှုပြုလုပ်နေကြောင်း TNLAက ထုတ်ပြန်သည်။

ထို့အပြင် မေလ ၂၉ရက်မှ ဇွန်လ၄ ရက်အထိ မိုးမိတ်ဗျူဟာကုန်း ခလရ (၂၂၃)နှင့် (၂၄၈)တပ်စခန်းမှ ကျေးရွာသို့ လက်နက်ကြီးပစ်ခတ်မှုဆက်လက်ပြုလုပ်လျက်ရှိနေသည့်အပြင် လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ သီပေါ၊ မူဆယ်နှင့် မိုးမိတ်မြို့တို့တွင် စစ်ကောင်စီတပ်မှ စစ်လက်နက်ပစ္စည်းနှင့် စစ်အင်အား ဖြည့်တင်းနေပြီး စစ်ရေးပြင်ဆင်နေကြောင်း ဖော်ပြထားသည်။

TNLA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့သည် ၂၀၂၄ ဇန်နဝါရီတွင် တရုတ်နိုင်ငံ၏ ကြားဝင်မှုဖြင့် စစ်ကောင်စီနှင့် အပစ်ရပ်စဲထားရာ ထိုသို့အပစ်ရပ်စဲထားပြီး စစ်ကောင်စီ၏ တိုက်ခိုက်မှုများကို စာရင်းပြုစု စောင့်ကြည့်နေဆဲဖြစ်သည်ဟု TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က စစ်ကြောင်းမှူးအပါအဝင် ၁၀ဦးသေဆုံးပြီး ၂၈ ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Young Force UG အဖွဲ့က ဆိုသည်။

သတင်း

ဇွန်လ ၄ ရက် နံနက် ၁၀ နာရီခန့်က ဝိုင်းရွာရဲစခန်းမှ ထွက်လာသော စစ်ကောင်စီတပ်သားငါးဦးကို စခန်းမှအထွက် လမ်းကျဥ်းတစ်ခု၌ TNT အမျိုးအစားပဒေသာမိုင်း သုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ကျောက်ညှပ်-ဝါလူ(ခမရ ၄၅၄) ၊ တာဘူကျိုး (ခမရ(၄၃၄)၊ ပန်ဟိုက်-ကဟီးကျိုး(ခမရ ၄၃၄)၊ လယ်တိုး (ခလရ-၁၉)နှင့် နတ်တောင်-မောဖိုးကျိုး(ခမရ - ၄၃၀) စသည့် အခြေချ စခန်း ၅ခု အပြီးအပိုင် ပြန်လည်ရုတ်သိမ်းခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။

သတင်း

နိုင်ငံတကာနှင့် ကုန်သွယ်ရာတွင် ကုန်ပစ္စည်းအချင်းချင်းဖလှယ်သည့် စနစ်ကို ကျင့်သုံးမည်ဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ကုန် သည်ကြီးများအသင်းကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။