Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ်တွင် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ၍ ရဲဘော်ငါးဦးထိမှန်ပြီး တစ်ဦးကျဆုံး

ယမန်နေ့ကလည်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တဲစုကျေးရွာက ဒေသခံ ၉ဦး လက်နက်ကြီးထိမှန်ခဲ့ကာ (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)
(စစ်ကောင်စီစစ်ကြောင်းထိုးနေ၍ ထွက်ပြေးတိမ်းရှောင်လာသော ခင်ဦးနယ်ဒေသခံများအား ဇွန်လဆန်းပိုင်းက တွေ့ရစဥ်။ ဓာတ်ပုံ-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ ပြည်သူ့ကာကွယ်ရေး ရဲဘော်ငါးဦးထိမှန်ပြီး တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (ဇွန်လ ၂၅ရက်) နံနက်ပိုင်းက မြစ်တော် ကျေးရွာ ညအိပ်ပြီး ပြန်ထွက်လာသော စစ်ကောင်စီတပ်သည် ခင်ဦးမြို့ပေါ်သို့ ခြေလျင် စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် ကံသာယာ(မြောက်)ရွာအရောက်တွင် လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ ဒေသခံကာကွယ်ရေးရဲဘော် ငါးဦး ထိမှန်ခဲ့ပြီး ရဲဘော် တစ်ဦးကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

“သူတို့စစ်ကြောင်းအလာကို လက်နက်ကြီးနဲ့ထုတာ။ သူတို့ဘက်က ပြန်ပစ်တော့ ထိသွားတာပါ။”ဟု Khin U Special Force Organization အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်၏ ထိခိုက်မှုအခြေအနေကိုမူ မသိရသေးကြောင်း ဒေသတွင်းရဲဘော်များက ပြောသည်။

ယမန်နေ့ကလည်း စစ်ကောင်စီတပ်၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် တဲစုကျေးရွာက ဒေသခံ ၉ဦး လက်နက်ကြီးထိမှန်ခဲ့ကာ (၄၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ခင်ဦးမြို့ပေါ် ရောက်ရှိနေပြီး ပြည်သူများသတိပြုသွားလာကြရန် ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတိပေးသည်။