Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တရားမဝင်ငွေလွှဲလုပ်ငန်းလုပ်သည်ဟု စွပ်စွဲကာလူ ၅၀ကျော်ကို စစ်ကောင်စီဖမ်းဆီး

ပြည်တွင်းဈေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၃၂၀၀ နှင့် ရွှေတစ်ကျပ်သားကို ကျပ်၃၂ သိန်းကျော်အထိ မြင့်တက်လာပြီးနောက် စစ်ကောင်စီဗဟိုဘဏ်က ဇွန် ၂၃ ရက်စွဲဖြင့်ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

(အ​မေရီကန် အစိုးရက စစ်​ကောင်စီ ဘဏ် ၂ ​ခုအ​ပေါ် အ​ရေးယူဒဏ်ခတ်လိုင်​သောဂယက်​ကြောင့် ဒေါ်လာဈေးတက်လာသည်ကို စစ်အုပ်စုက လုပ်ငန်းရှင်များကို လွှဲချကာဖမ်းဆီး​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-WSJ)
(အ​မေရီကန် အစိုးရက စစ်​ကောင်စီ ဘဏ် ၂ ​ခုအ​ပေါ် အ​ရေးယူဒဏ်ခတ်လိုင်​သောဂယက်​ကြောင့် ဒေါ်လာဈေးတက်လာသည်ကို စစ်အုပ်စုက လုပ်ငန်းရှင်များကို လွှဲချကာဖမ်းဆီး​နေခြင်းဖြစ်သည်။ ဓါတ်ပုံ-WSJ)

တရားမဝင်ငွေလွှဲလုပ်ငန်းဆောင်ရွက်နေသည်ဟု စွပ်စွဲကာ လူ ၅၀ကျော်နှင့် ကုမ္ပဏီတစ်ခုကို စစ်​ကောင်စီက ဖမ်းဆီးအရေးယူထားသည်ဟု စစ်ကောင်စီဗဟိုဘဏ်က ထုတ်ပြန်သည်။

ပြည်တွင်းဈေးကွက်အတွင်း တစ်ဒေါ်လာကျပ် ၃၂၀၀ နှင့် ရွှေတစ်ကျပ်သားကို ကျပ်၃၂ သိန်းကျော်အထိ မြင့်တက်လာပြီးနောက် စစ်ကောင်စီဗဟိုဘဏ်က ဇွန် ၂၃ ရက်စွဲဖြင့်ယခုကဲ့သို့ထုတ်ပြန်လာခြင်းဖြစ်သည်။

ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်ထိန်းသိမ်းကြပ်မတ်ရေး လုပ်ငန်းကော်မတီက ဇွန်လအတွင်း ရန်ကုန်နှင့်မန္တလေးမြို့များတွင် နိုင်ငံခြားငွေလဲလှယ်နှုန်း ဈေးကစားသူများ၊ တရားမဝင်နိုင်ငံခြားငွေရောင်းဝယ်သူများနှင့် တရားမဝင်နိုင်ငံခြားငွေလွဲပြောင်းသူများကို စိစစ်ဖော်ထုတ် အရေးယူခဲ့ခြင်းဖြစ်သည်ဟုစစ်​ကောင်စီကဆိုသည်။

မန္တလေးမြို့ပေါ်ရှိ ရွှေဆိုင်များနှင့် ရွှေသန့်စင်လုပ်ငန်းအချို့ကို စစ်ဆေးရာတွင် ပြည်ပနှင့် တရားမဝင်နိုင်ငံခြားငွေလွှဲပို့ခြင်းလုပ်ငန်းများဆောင်ရွက်​နေသည်ဟုစွပ်စွဲဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုအပြင် ပြည်ပငွေလွှဲလုပ်ငန်းလိုင်စင်နှင့် မိုဘိုင်းငွေရေးကြေးရေးဝန်ဆောင်မှု လုပ်ငန်းလိုင်စင်မရှိဘဲငွေလွှဲလုပ်ငန်းဆောင်ရွက်ကြောင်း သံသယဖြစ်ဖွယ် အထောက်အထားတွေ့ရှိသူ လူ ၅၁ ဦးနှင့် ကုမ္ပဏီ ၁ ခုကို အရေးယူနိုင်ရန် ဆောင်ရွက်နေသည်ဟုလည်း စစ်ကောင်စီက ဆိုသည်။

အ​မေရီကန် ဘဏ္ဍာ​ရေးဝန်ကြီးဌာနက စစ်အုပ်စုထိန်းချုပ်ထား​​သော MFTB နှင့် MICB ဘဏ်တို့ကို ဇွန် ၂၁ ရက်တွင် ဒဏ်ခတ်အ​ရေးယူလိုက်သဖြင့် ​ပြည်တွင်း၌ ​ဒေါ်လာရှားပါးလာ​တော့မည်ကို သိ၍ ဝယ်လိုအားများလာခြင်း ၊သွင်းကုန်များ​ဈေးတက်လာ​တော့မည်ဖြစ်ခြင်း၊ စစ်​ကောင်စီက ကျပ်​ငွေ များစွာရိုက်နှိပ်၍ အခက်အခဲ​ဖြေရှင်းရန်ကြိုးစားနိုင်သဖြင့် ကျပ်​ငွေအ​ပေါ် လုပ်ငန်းရှင်များယုံကြည်မှုကျဆင်း၍ ​ဒေါ်လာနှင့် ​ရွှေ​ဈေး တက်လာခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။ ​ဒေါ်လာအပြင် တရုတ်ယွမ် ၊ထိုင်းဘတ်​ဈေးများလည်း တက်​နေပြီး ကျပ်​​ငွေတန်ဖိုး​ဆက်တိုက်ကျနေသည်။ သို့​သော် ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုးကျ​နေခြင်းအ​ပေါ် စစ်​ကောင်စီက လုပ်ငန်းရှင်များကို အပြစ်ဖို့၍ ဖမ်းဆီးခြိမ်း​ခြောက်​သောနည်းလမ်းဖြင့်​ဖြေရှင်းရန် ကြိုးစား​နေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်အချို့က​ပြောသည်။

“အများစုကို ငွေကြးခဝါချမှုနဲ့ ဖမ်းထားတယ်ကြားတယ်”ဟု လုပ်ငန်းရှင်တစ်ဦးကပြောသည်။

ထိုသူများကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေနှင့် နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှဥပဒေများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်ကဆိုသည်။

၂၀၁၄ခုနှစ်တွင် ပြဌာန်းခဲ့သည် ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရ ငွေကြေးခဝါချမှုကို ကျူးလွန်သူကို အများဆုံး ထောင်ဒဏ် ၁၀ နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေချမှတ်နိုင်သလို ၊ ပြစ်ဒဏ်နှစ်ခုလုံးကို ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။ ကုမ္ပဏီကို ငွေကျပ် သန်း ၅၀၀ ဒဏ်ငွေတပ်နိုင်ပြီး ကုမ္ပဏီဦးဆောင်သူကို အမြင့်ဆုံး ထောင်ဒဏ် ၇နှစ်ချမှတ်နိုင်သည်ဟု ပြဌာန်းထားသည်။

“ဈေးကွက်ထဲမှာ ဒေါ်လာဈေးနဲ့ ရွှေဈေးတက်လာလို့ ဒီလိုအရေးယူတယ်ဆိုတာကို ခြိမ်းခြောက်လိုက်တဲ့ သဘောပါပဲ။ လုပ်ငန်းရှင်အကြီးစားတွေကလည်း ဒီလို ခြိမ်းခြောက်မှုတွေကြောက်လို့ပြည်ပမှနေနေကြတယ်။ အခုက နိုင်တဲ့သူတွေကို စစ်ကောင်စီကလိုက်မဲနေတာ”ဟု ငွေလဲလုပ်ငန်းဆောင်ရွက်နေသူတဦးကပြောသည်။

လက်ရှိအချိန်တွင် ရွှေနှင့် ဒေါ်လာဈေးများမြင့်တက်နေခြင်းကြောင့် ရွှေဆိုင်နှင့်ငွေလဲကောင်တာများကအရောင်းအဝယ်ပိတ်ထားကြသည်။ မှောင်ခိုဈေးကွက်တွင် ဈေးကွက်ဖွင့်နေရသည်ဟု လုပ်ငန်းရှင်များထံမှသိရသည်။