Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်တွင် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် အရပ်သား ၂ဦးသေ၊ ၇ဦး ဒဏ်ရာရ

ရှမ်းမြောက်၌ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပစ်ခတ်မှုများမကြာခဏ ဖြစ်ပွားလျက်ရှိရာ အများစုဖြစ်နေသည်မှာ စီးပွားရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အချင်းချင်း စီးပွားရေးကြောင့် တိုက်ခိုက်ခြင်းများ ဖြစ်ကြောင်း ဒေသခံကို ကိုးကားဖော်ပြထားသည်။

(ဇွန်လ ၂၂ ရက်က မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလတန်း ကျောင်းရှေ့ ၌ ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)
(ဇွန်လ ၂၂ ရက်က မူဆယ်မြို့၊ ဟိုနားရပ်ကွက်၊ မူလတန်း ကျောင်းရှေ့ ၌ ပစ်ခတ်မှုဖြစ်ပြီးနောက် တွေ့ရစဥ်)

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့စက်မှုဇုန်အနီး ယနေ့(ဇွန်လ ၂၃ရက်) ည ၇နာရီခန့်က စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်အချင်းချင်း ပစ်ခတ်မှု ဖြစ်ပွား၍ ပြည်သူ နှစ်ဦး အသက်သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရခဲ့ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) သတင်းပြန်ကြားရေးဌာနက ယနေ့ ဖော်ပြသည်။

ရှမ်းမြောက်၌ လက်နက်ကိုင်အဖွဲ့အစည်းအချင်းချင်း ပစ်ခတ်မှုများမကြာခဏ ဖြစ်ပွားလျက်ရှိရာ အများစုဖြစ်နေသည်မှာ စီးပွားရေးလုပ်နေသည့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ် အချင်းချင်း စီးပွားရေးကြောင့် တိုက်ခိုက်ခြင်းများ ဖြစ်ကြောင်း ဒေသခံကို ကိုးကားဖော်ပြထားသည်။

ပြည်သူ့စစ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူများ မူဆယ်ဆေးရုံ၌ ကုသမှုခံယူနေသည်ဟုဆိုသည်။

ဇွန်လ ၂၂ ညပိုင်းကလည်း ဟိုနားရပ်ကွပ်တွင်လှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို ကင်းစောင့်ပေးနေသည့် လုံထန် ပြည်သူ့စစ် လက်နက်ကိုင်အဖွဲ့အစည်းကို အရပ်ဝတ် လက်နက်ကိုင်တစ်ဖွဲ့မှ ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။

ထိုသို့ ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေ၍ မူဆယ်ပြည်သူများစိုးရိမ်မှုနှင့်နေထိုင်နေကြရသည်ဟုဆိုသည်။

ယမန်နေ့ ပစ်ခတ်မှုမှာ ကားတစ်စီးကို စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များက စတင်ပစ်ခတ်ခြင်းဖြစ်ကြောင်း ပစ်ခတ်မှု ပြုလုပ်သည့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်က ၎င်းတို့ အဖွဲ့ဝင်တစ်ဦးကို ရှင်းပြနေသည့် ရုပ်သံဖိုင် လူမှုကွန်ရက်၌ တွေ့ရသည်။

“ငါပထမ မပစ်ဘူးကွာ။ ကျည်တော့ထိုးလိုက်တယ်။ ဒီကောင်က ဒီနားမှာ တစ်စီးကို တိုက်ပြီးထွက်ပြေးသွားတာဆိုတော့ ငါတို့ကောင်တွေက ပစ်လိုက်တာ”ဟု စစ်ကောင်စီ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ ထိုသို့ ပစ်ခတ်ပြီးနောက် နောက်ထပ်ကားတစ်စီးကို စစ်ကောင်စီတပ်က မှားယွင်းပစ်ခတ်ခဲ့ရာ အရပ်သားထိခိုက်မှုများ ရှိခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်ခံရသည့် အရပ်သားတစ်ဦးက “ ကျနော်မရတော့ဘူး”ဟု ပြောကြားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးက “ဆရာကြီး ဆရာကြီး သွေးထွက်လွန်ပြီးတော့မှ မရတော့ဘူး ဗိုက်ကြီးထိထားတာ”ဟု ပြောကြားရာ ဆရာကြီးဆိုသူက “သေပစေကွာ ငါ -ိုးမတွေ အကုန်သေပါစေ သူများတွေကို ဒုက္ခပေးသွားတာ” ဟု ပြောကြားသည်ကို အဆိုပါ ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။