Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ပုသိမ်လမ်းပိုင်းတွင် စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

မိုင်းဆွဲတိုက်ခိုက်မှုမှာ ထိချက်ကောင်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

(စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲတိုက်ခိုက်နေစဉ်)
(စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ဖောက်ခွဲတိုက်ခိုက်နေစဉ်)

မုံရွာ – ပုသိမ်လမ်းပိုင်းတွင် အင်အား၂၀ခန့်လိုက် ပါလာသော စစ်ကောင်စီယာဉ်အား ပြည်သူ့ကာကွယ် ရေးမဟာမိတ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ဆားလင်းကြီးနှင့် ယင်းမာပင်မြို့ကြား၊ မြောက် ယမားတံတားအနီးတွင် ဇွန်လ ၂၂ ရက် နံနက် ၁၀နာရီကျော်က မိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဟု ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Triple Two Tack Forceမှ သတင်းရရှိသည်။

“မုံရွာ နမခကနေ ထွက်လာတာ။ ယင်းမာပင်က တပ်ရင်း(၂၈)ထဲဝင်သေးတယ်။ အဲ့ဒီကနေ ထွက် ပြီး ဆတ်ကြေးထွက်ထွက်ကောက်တာကို ကျွန်တော်တို့ ဆွဲလိုက်တာ”ဟု Triple Two Tack Force တပ်ခွဲ(၂)မှ ရဲဘော်နေကြီးက ပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုမှာ ထိချက်ကောင်းခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ ခုနစ်ဦး ဒဏ်ရာရသွားသည်ဟု သိရသည်။

“တိတိကျကျကတော့ တစ်ကောင်သေတယ်။ ခုနစ်ကောင် ဒဏ်ရာရတယ်။ ‌နောက်ဆက်တွဲတော့ ကျွန်တော်တို့ ဆက်မစုံစမ်းတော့လို့ မသိတော့ဘူး”ဟု ရဲဘော်နေကြီးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ပြည်ထောင်စုလွတ်မြောက် ရေးတပ်တပ်ဦး ULF ၏ Alpha Column၊Alpha Special Force/Triple Two Tack Force၊ ချင်းတွင်းငဠုန်ရာဇာ၊ Monywa Truth of Forceနှင့် ယင်းမာပင် PDFတို့ ပူးပေါင်းတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။