Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပြည်သူများအန္တရာယ်ကင်းစေရန် စစ်ကောင်စီ ၏ လှုပ်ရှားမှု တပ်တွင်းသတင်းများ ပေးပို့ပါက ဆုငွေပေးအပ်မည်ဟု မင်းတပ်CDF ထုတ်ပြန်

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။

(မင်းတပ်CDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF- Mindat)
(မင်းတပ်CDF မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - CDF- Mindat)

စစ်ကောင်စီ၏လှုပ်ရှားမှု တပ်တွင်းသတင်းများကို ပြည်သူများအန္တရာယ်ကင်းစေရန် ရည်ရွယ်ပြီး သတင်းပေးပို့နိုင်ကြောင်း မင်းတပ် ချင်းကာကွယ်ရေးတပ်(CDF)က ယနေ့ ထုတ်ပြန်သည်။

သတင်းခိုင်မာမှုအပေါ် မူတည်ပြီး ထိုက်တန်သည့် ဆုကြေးငွေများ ထပ်မံချီးမြှင့်သွားမည်ဖြစ်ကြောင်းလည်း ကြေညာခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အကြမ်းဖက်လုပ်ရပ်များကို ကျူးလွန်ကာ ပြည်သူများအား ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်လျက်ရှိရာ အခြေအနေအမျိုးမျိုးကြောင့် CDM မဝင်နိုင်သော်လည်း ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန် အလို့ငှာ စစ်ကောင်စီတပ်၏ လှုပ်ရှားမှုအတွင်းသတင်းများ ပေးပို့တက်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေကြောင်း မင်းတပ် CDFက ထုတ်ပြန်ခဲ့သည်။

စစ်ကောင်စီတပ်သားများ မင်းတပ် CDFထံ လက်နက်နှင့်အတူ CDM ဝင်ရောက်လာပါက ဆုကြေးငွေ ကျပ်သိန်း ၅၀ပေးအပ်မည်ဖြစ်ကြောင်း မင်းတပ် CDF က ၂၀၂၁ ဩဂုတ်က ကြေညာချက်ထုတ်ပြန် ထားသည်။

အလားတူ တနိုင်ငံလုံးရှိ တော်လှန်ရေးအင်အားစုများ အနေဖြင့်လည်း CDM ပြုလုပ်ပြီးပြည်သူ့ရင်ခွင် ခိုလှုံလာသူများကို ဆုကြေးငွေများ အသီးသီးချီးမြှင့်လျက်ရှိသည်။

You May Also Like

သတင်း

ယမန်နေ့ (မတ် ၁၃ ရက်နေ့)ည ၇ နာရီခန့်က နေပြည်တော် လယ်ဝေးမြို့နယ်အခြေစိုက် အောင်နန်းချိုရွာအနီးရှိ အမှတ် (၆၀၄)ခြေမြန်တပ်ရင်းအတွင်းသို့ တာဝေးပစ်လက်နက်ကြီးများဖြင့် ပစ် ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

သတင်း

ဆောဒေသခံတစ်ဦးကလည်း ယမန်နေ့ညပိုင်းက မင်းတပ်နယ်သို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့သည်ဟု ပြောသည်။ ထို့ပြင် ကျောက်ထုနယ်သို့ ရောက်နေသည့် စစ်ကောင်စီတပ် ယာဉ် အစီး ၈၀ခန့်အနက် အစီး ၂၀ခန့်မှာ ထီးလင်းဘက်သို့ တက်သွားသည်ဟု ဆိုသည်။

သတင်း

အနီးကပ်တိုက်ပွဲတွင် တော်လှန်ရေးရဲ ဘော်လေးဦးထပ်မံကျဆုံးပြီး လက်နက်အချို့ ဆုံးရှုံးခဲ့ကာ စစ်ကောင်စီတပ်ဘက်မှ ဗိုလ်ကြီးတစ်ဦးအပါအဝင် (၁၀)ဦးခန့်သေဆုံးကြောင်း အထက်ပါ တာဝန်ရှိသူက ရှင်းပြသည်။

သတင်း

မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။