▪︎နှစ်ကြိမ်တိုက်ခိုက်ရာစစ်ကောင်စီတပ်သား ၅ဦးသေဟု CDFပြော
ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ပေါ်တွင် အထိုင်ချထားသော စစ်ကောင်စီတပ်စခန်းကို မတ် ၁၁ ရက်က နှစ်ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း CDF(ကန်ပက်လက်)မှတာဝန်ရှိသူကပြောသည်။
အဆိုပါစစ်ကောင်စီစခန်းသည် ရခိုင်ပြည်နယ်တွင်တစ်ကျော့ပြန်တိုက်ပွဲများ ဖြစ်ခဲ့သည့် အချိန်မှစ၍ စစ်တပ်က စခန်းထိုင်နေခြင်းဖြစ်သည်။ စစ်သား ၃၀၊ရဲ ၂၃ဥ နှင့် ပျူစောထီး ၄၀ ခန့်စုပေါင်းစခန်းချနေထိုင်သည့် စခန်းတစ်ခုဖြစ်ကြောင်းသိရသည်။
စစ်တပ်ကဖေဖော်ဝါရီလကုန်ပိုင်းနှင့်မတ်လဆန်းတွင် CDF ကန်ပက်လက်၏တပ်ရင်းတစ်ရင်းကိုစစ်ကြောင်းထိုးခဲ့သည်။
ထို့ကြောင့်CDF(ကန်ပက်လက်)တာဝန်ရှိသူက” တန်ပြန်တိုက်စစ်မျိုးပြန်တိုက်ခဲ့ကြတာပါ”ဟုစစ်တပ်စခန်းကိုတိုက်ခိုက်ခဲ့မှု အပါ်ပြောသည်။
မတ် ၁၁ ရက် မနက် ၆နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ၇နာရီခွဲမှာ ၁၀ နာရီခွဲအထိ တစ်ကြိမ် ၊ စုစုပေါင်း စစ်တပ်ကိုနှစ်ကြိမ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
တိုက်ပွဲအတွင် စစ်ကောင်စီတပ်ဖက်မှ သေဆုံးသူ ၅ ဦးနှင့်ထိခိုက်ဒဏ်ရာရရှိသူများရှိခဲ့ပြီး CDF(ကန်ပက်လက်)မှ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့သည်ဟုအသိပေးထားသည်။ စစ်တပ်သေဆုံး ဒဏ်ရာရမှု အခြေအနေကို People’s Spring သတင်းဌာနက သီးခြားအတည်မပြုနိုင်သေးပါ။
