တီးတိန်ဆေးရုံကြီးတွင် ဝင်ရောက်နေရာယူထားသော စစ်သားများအား ပြည်သူ့ကာကွယ်ရေးတပ် PDF Zoland ကယမန်နေ့(မတ်လ ၁၂) ညတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများထွက်ပြေးသွားပြီးလက်နက်ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများသိမ်းဆည်းရရှိကြောင်းPDF Zoland ကထုတ်ပြန်လိုက်သည်။


တိုက်ပွဲချိန် ၁ နာရီမျှကြာမြင့်ခဲ့ပြီးစစ်တပ်မှသေဆုံးဒဏ်ရာရရှိသူများရှိသော်လည်းအရေအတွက်ကို အတည်မပြုနိုင်ကြောင်းသိရသည်။
စစ်သားများနေရာမှစွန့်ခွာထွက်ပြေးသွားခဲ့ကြပြီး လက်နက်၊ ဖုန်း နှင့် အခြားစ္စည်းတစ်ချို့ ဖမ်းစည်းရမိခဲ့ကာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိဘဲဘေးကင်းကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
