နေပြည်တော်မြို့ရှောင်လမ်းမှာ တွဲကား နဲ့ ဟိုက်ဂျက်ကားတို့ တိုက်မိပြီး ဟိုက်ဂျက်ကားပေါ်မှာ လိုက်ပါလာသူ အမျိုးသား ၃ ဦး သေဆုံးသွားပါတယ်။
ဒီယာဉ်တိုက်မှုဟာ မနေ့ည ၁၀ နာရီခန့်ကဖြစ်ပွားတာဖြစ်ပြီး ဟိုက်ဂျက်ကား ခေါင်းခန်းမှာလိုက်ပါလာသူ အမျိုးသား ၃ ဦး ဟာ ညှပ်ပြီး သေဆုံးသွားတာလို့သိရပါတယ်။
ယာဉ်တိုက်မှု မှာ ကူညီကယ်ဆယ်ရေးလုပ်ဆောင်ပေးခဲ့တဲ့ မိုးစေတနာပရဟိတအသင်းရဲ့ ဓာတ်ပုံတွေအရ ဟိုက်ဂျက်ကားရဲ့ ခေါင်းခန်းဟာ ပိပြားသွားတာတွေ့ရပါတယ်။
သေဆုံးသွားသူ အမျိုးသား ၃ ဦးဟာ အသက် ၄၀ ဝန်းကျင်အရွယ်တွေဖြစ်ပြီး ရုပ်အလောင်းတွေကို နေပြည်တော် ဆေးရုံဆီပို့ဆောင်ပေးလိုက်တယ်လို့ သိရပါတယ်။
