ကလေးမြို့ တွင် စစ်ကောင်စီတပ်စွဲထားသောဆည်မြောင်းရုံး ၊ ရဲစခန်းအပါအဝင် နေရာ ငါးနေရာကို တော်လှန်ရေး အင်အားစုများက ယနေ့ နံနက် အစောပိုင်းတွင်တပြိုက်နက်တိုက်ခိုက်ခဲ့သည်။
ကလေးမြို့ပေါ်ရှိဆည်မြောင်းရုံး၊ မြောက်စည်းရဲစခန်း၊ ကလေးတောင်ပိုင်းရှိ စစ်ကောင်စီတပ်စွဲထားသည့် ရန်ကြီးအောင်၊ကြံသာ၊အင်းကျွန်းရွာစခန်းများကို ပကဖ(ကလေး)၊ Kalay PDFနှင့်မြို့ပြပျောက်ကျား(UG) – ကလေးတို့က ဖေဖော်ဝါရီ ၉ ရက်နံနက် ၀ဝး၃၅ မိနစ်ခန့်မှ၁နာရီ ၁၅မိနစ်အထိ(ဖေဖော်ဝါရီ ၈ ရက်ညသန်းခေါင်ကျော်)တစ်ပြိုင်နက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက People’s Spring သို့ပြောသည်။

အဆိုပါတိုက်ခိုက်မှုတွင် ပကဖ(ကလေး)ကထုတ်လုပ်သော လက်လုပ် ၆၀မမ၊၈၀မမ၊ ၄၀မမနှင့် အခြားလက်နက်ငယ်များပါ အသုံးပြုခဲ့ပြီး စစ်ကောင်စီတပ်စခန်း ပစ်မှတ်များသို့ တိတိကျကျပေါက်ကွဲခဲ့သည်ဟုစစ်ရေးသတင်းရင်းမြစ်တစ်ခုကပြောသည်။
“နေရာစုံမှရန်သူ့စခန်းတို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါသည်။ေးအကျဆုံးရှိနိုင်ပြီး ပြင်းထန်ဒဏ်ရာရမှုတို့လဲရှိနိုင်ပါသည်။ –ကျဆုံးမှုနှင့်ဒဏ်ရာရရှိကို ဆက်လက်စုံစမ်းဆဲဖြစ်ပါသည်” ဟု Kalay PDFမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
” ကလေးမြို့ထဲမှာလည်း စစ်ကောင်စီမချောင်တော့ဘူး။ ရုံးဌာနတွေလည်း မနေရဲကြဘူးကြားတယ်။ ညကတော့ တော်တော် ဆော်ပုံရတယ်ဗျ။ ပစ်ခတ်သံတွေ ဆက်တိုက်ကြားခဲ့တယ်”ဟု ကလေးမြို့ခံတစ်ဦးကလည်းပြောသည်။
