လမိုင်းမြို့နယ်၌ ဖမ်းဆီးရမိခဲ့သော စစ်ကောင်စီတပ်၏ ဗိုလ်ကြီးမှာ ကရင်ပြည်နယ်အခြေစိုက် ခမရ (၅၄၅)တပ်ရင်းမှဖြစ်ပြီး ၎င်းနှင့်အတူ လက်ပစ်ဗုံးနှစ်လုံး သိမ်းဆည်းရရှိကြောင်း YGF -ရေးပြောက်ကျားတပ်ဖွဲ့က ယနေ့ ထုတ်ပြန် သည်။
ဖေဖော်ဝါရီ ၄ရက်က မွန်ပြည်နယ်၊လမိုင်းမြို့နယ်ခွဲ ကနင်ကမော့ နှင့်အောင်သာယာကျေးရွာကြား၌ သတင်းအရစောင့်ဆိုင်းရာမှ ရေးမှ မော်လမြိုင်မြို့သို့ အာရှလမ်းမကြီးအတိုင်း မောင်းနှင်လာသော Mark 2-ရွှေငါးအဖြူရောင် ယာဥ်ပေါ်မှစစ်ကောင်စီတပ် သားငါးဦးကို YGF မှ ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ကားမှာလမ်းဘေးမြောင်းထဲသို့ထိုးကျသွားပြီး ကားပေါ်ပါ အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင်ငါးဦးမှာ ထွက်ပြေးခဲ့ပြီး ဗိုလ်ကြီးအဆင့်ရှိသူကို ဖမ်းဆီးနိုင်ခဲ့သည်။
ဖမ်းဆီးရမိသောဗိုလ်ကြီးအဆင့်ရှိသူအား နိုင်ငံတကာစံချိန်စံညွှန်းနှင့် အညီစစ်ဆေးမေးမြန်းခဲ့ရာ ဗိုလ်ကြီးမြတ်သူ ဖြစ်ကြောင်း YGF က အသိပေးသည်။
သို့သော် ကရင်ပြည်နယ်အခြေစိုက်တပ်သားများ ကို မွန်ပြည်နယ်အတွင်း ပစ်ခတ်ဖမ်းဆီးနိုင်မှု အသေးစိတ်ကိုမူ YGF တာဝန်ရှိသူထံ မေးမြန်းသော်လည်း ဖြေဆိုခြင်း မရှိပေ။
ထို့ကြောင့် YGF – ရေးပြောက်ကျားတပ်ဖွဲ့မှသက်ဆိုင်ရာ{ ERO } ဆီသို့ လွှဲပြောင်းပေးအပ်ခဲ့ ကြောင်းလည်း သိရသည်။
