မြောင်မြို့နယ်အတွင်း စစ်ကောင်စီတပ်ကညဘက်စစ်ကြောင်းထိုးသည့် ပုံစံပြောင်းနေသောကြောင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ပိုမိုသတိပြုနေထိုင်ကြရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကသတိပေးသည်။
နေ့ဘက်တိုက်ပွဲများတွင်အထိနာနေသဖြင့် စစ်ကောင်စီစစ်ကြောင်းများသည် ယခုအခါ ညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို အသုံးပြုလာသည်ဟုမြောင်မြို့နယ် လုံခြုံရေးနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့ -CDSOMတာဝန်ခံကိုနွေဦးကပြောသည်။
” ပြည်သူတွေဘက်က ပိုပြီးသတိထားဖို့လိုနေတယ်။ တောထဲမှာစစ်ရှောင်နေကြရတော့ စစ်ကြောင်းကသူတို့ကိုမိုင်းဆွဲမယ့်သူတွေထင်ပြီးလည်း ပစ်ခတ်သွားနိုင်တယ်။ ကျွန်တော်တို့နဲ့ မဟာမိတ်တွေကတော့စစ် ေ-လမ်းကြောင်းကို အမြဲပို့နေပါတယ်” ဟု ကိုနွေဦးကပြောသည်။
စစ်ကောင်စီစစ်ကြောင်းသည်မြောင်မြို့နယ်အတွင်းကျေးရွာများကို ဒီဇင်ဘာလဆန်းပိုင်းက စစ်ကြောင်းထိုးခဲ့စဥ် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များ၏ တိုက်ခိုက်မှုကြောင့် အထိနာခဲ့သည်။ထို့ကြောင့်ယခုအခါညဘက်စစ်ကြောင်းထိုးသည့်ဗျူဟာကို စစ်ကောင်စီက အသုံးပြုလာခြင်းဖြစ်သည်။ထိုကြောင့်ဒေသတွင်းပြည်သူ့ကာကွယ်ရေးမဟာမိတ်များသည် ယခုရက်ပိုင်းအတွင်းတွေ့ဆုံကာစစ်ကောင်စီတပ်၏ပြောင်းလဲလာသည့်ဗျူဟာများကို တုန့်ပြန်ရေးဆွေးနွေးခဲ့ကြသည်။
ထို့အပြင် စစ်ကောင်စီတပ်သည်အမျိုးသားညီညွတ်ရေးအစိုးရ၏ စာသင်ကျောင်းများ၌ကျောင်းမတက်ကြရန်လည်း မြောင်မြို့ပေါ်တွင် လိုက်လံစည်းရုံးနေသည်ဟုဒေသခံများကပြောသည်။
