ကော့သောင်းခရိုင်၊(၉)မိုင် အကျဉ်းထောင်ဦးစီးမှူးကို ဖမ်းဆီးရမိကြောင်း ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF)တာဝန်ရှိသူက ပြောသည်။
ယမန်နေ့(ဒီဇင်ဘာ ၂၄ ရက်)က ခရီးသွားပြည်သူယာဉ်ဖြင့် လိုက်ပါလာသည့် အကျဥ်းထောင်ဦးစီးမှူးအား ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) နှင့် မဟာမိတ်တပ်ပေါင်းစုများမှ ဖမ်းဆီးရမိခဲ့ခြင်းဟု ဆိုသည်။
“မနေ့က နေ့လည် ၁နာရီကျော်လောက်မှာ စစ်ရင်းနဲ့မိတာ။ကျန်တာတွေကတော့ လောလောဆယ် စစ်ဆေးနေဆဲပါပဲ”ဟု PRDF တာဝန်ရှိသူက လူထုနွေဦးသို့ ရှင်းပြသည်။
ဖမ်းဆီးထားသော အကျဥ်းထောင်ဦးစီးမှူးထံမှ ကျပ် ၁၇သိန်းနှင့် ဖုန်းတစ်လုံး သိမ်းဆည်းရရှိထားကြောင်း အသိပေးသည်။
အဆိုပါ ဖမ်းဆီးမှုတွင် ပုလောဒေသကာကွယ် ရေးတပ်ဖွဲ့ (PRDF) ၊ ပုလောပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ (PPDF)နှင့် အရိပ်ပြောက်ကျားတပ်ဖွဲ့ (PSGF)တို့ ပူးပေါင်းပါဝင်ခဲ့သည်။
ယခုလက်ရှိတွင် အကျဥ်းထောင်ဦးစီးမှူးကို PRDF မှ ဆက်လက်ထိန်းသိမ်းထားကြောင်း အသိပေးထားသည်။
