စစ်ကိုင်းတိုင်း ချောင်းဦးမြို့အတွင်း အန္တရာယ်အကြီးဆုံး ပျုစောထီးခေါင်းဆောင်ကို အရှင်ဖမ်းမိထားပြီး စစ်ဆေးနေကြောင်း ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ပြောသည်။
ချောင်းဦးမြို့တွင် ပျူစောထီးရွာဟုနာမည်ကြီးသော ကံကြီးကုန်းကျေးရွာမှ ပျူခေါင်းဆောင် လှဆင့်ဆိုသူကို ပြည်သူ့ကာကွယ်ရေးမဟာမိတ်ရဲဘော်များက ယမန်နေ့(ဒီဇင်ဘာ၂၅ရက်)က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
လှဆင့်သည် ဘုန်းကြီးဝတ်နေပြီး နန္ဒာစာရဘွဲ့ကိုယူကာ ပျူစောထီးခေါင်းဆောင်အနေဖြင့် ရပ်တည်နေသူဟု ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။
“သူ့(လှဆင့်)ကြောင့် PDFတွေ အဖမ်းခံရတာတွေ၊ အသတ်ခံရတာတွေ မနည်းဘူး။ အခုတော့ သူ့ကိုဖမ်းမိပြီ။ အသေးစိတ်ကို စ်ိစစ်နေပြီး သတင်းထုတ်ပြန်သွားပါမယ်”ဟု ချောင်းဦးမြို့ပြည်သူ့ကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကံကြီးကုန်းကျေးရွာကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် (၁၀)ဖွဲ့ထက်မနည်းက ဝင်ရောက်စီးနင်းပြီး ပျူခေါင်းဆောင်လှဆင့်ကို ဖမ်းဆီးခဲ့ခြင်းသည် စစ်ကောင်စီကို အထိနာစေသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသည်။
လက်ရှိတွင် ချောင်းဦးမြို့နယ်အတွင်း စစ်ရေးအခြေအနေ တင်းမာနေပြီး ချောင်းဦး-အမြင့်လမ်းပိုင်းအား လုံးဝအသုံးမပြုကြရန် တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။
