close
Connect with us

Hi, what are you looking for?

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းအိမ်ရှင်အဖြစ်ကျင်းပနေတဲ့ ဆီးဂိမ်းကနေ ကမ္ဘောဒီးယား အားကစားသမားအားလုံး နုတ်ထွက်

ထိုင်းနိုင်ငံမှာကျင်းပတဲ့အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ကမ္ဘောဒီးယား အားကစားသမားအားလုံး ပါဝင်တော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားက ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ဒီဇင်ဘာ – ၁၀ ၊၂၀၂၅

ထိုင်းနိုင်ငံမှာကျင်းပတဲ့အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ကမ္ဘောဒီးယား အားကစားသမားအားလုံး ပါဝင်တော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားက ကြေညာခဲ့ပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ကြားက နယ်စပ် စစ်ရေးပဋိပက္ခတွေ အခြေအနေ ပိုဆိုးလာတဲ့နောက် ခရီးသွားလာရေး စီစဉ်ရတာတွေ ခက်ခဲတာ၊ လုံခြုံရေးအရ စိုးရိမ်ရတာတွေကို အကြောင်းပြပြီး ဆီးဂိမ်းကနေ ကမ္ဘောဒီးယား အားကစားသမားတွေနဲ့ ဝန်ထမ်းတွေအားလုံးနေရပ်ပြန်ကြမယ်လို့ ကမ္ဘောဒီးယားဖက်က ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

(၃၃) ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ ဖွင့်ပွဲ အခမ်းအနားကို ကို ဘန်ကောက်မှာရှိတဲ့ ရာဇမင်္ဂလာ အားကစားရုံကြီးမှာ မနေ့ ဒီဇင်ဘာလ ၉ ရက်က ကျင်းပခဲ့ပြီး နောက်တစ်နေ့မှာ ကမ္ဘောဒီးယားက အားကစားအဖွဲ့တွေကို ရုပ်သိမ်းသွားတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆီးဂိမ်းရဲ့ အကြီးတန်း အရာရှိ တစ်ဦးဖြစ်သူ အကာရင် ဟီရန်ပရူခ်က ကမ္ဘောဒီးယား အားကစားအဖွဲ့တွေ ပါဝင်ယှဉ်ပြိုင်တော့မှာ မဟုတ်တဲ့အကြောင်း အတည်ပြုခဲ့ပါတယ်။

အားကစားအဖွဲ့ အားလုံး မရုပ်သိမ်းခင်မှာ ကမ္ဘောဒီးယားဟာ ထိုင်းကို အားကစားနည်း ၁၂ မျိုးအတွက် အားကစားသမားနဲ့ အဖွဲ့ဝင် စုစုပေါင်း ၁၃၇ ဦးသာ လျှော့ချ စေလွှတ်ဖို့ စီစဉ်ခဲ့ပါတယ်။ ဆီးဂိမ်းမှာ အားကစားနည်း ၅၀ အတွက် ရွှေတံဆိပ် ၅၇၄ ဆု ချီးမြှင့်မှာ ဖြစ်ပါတယ်။

ဆီးဂိမ်းရဲ့ ဥက္ကဋ္ဌ ချိုင်ယာပက်ခ် ဆီရီဝတ်က ဒီဇင်ဘာ ၉ ရက်နေ့၊ ဆီးဂိမ်းဖွင့်ပွဲ အခမ်းအနားမှာ ကမ္ဘောဒီးယား အားကစားမောင်မယ် ၃၀ ပါဝင်ချီတက်ခဲ့ပြီး အိမ်ရှင်ထိုင်းနိုင်ငံရဲ့ နွေးထွေးတဲ့ ကြိုဆိုမှုကို အံ့ဩလောက်စရာ တွေ့မြင်ခဲ့ရတယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဖွင့်ပွဲ အခမ်းအနားအပြီး၊ ဒီဇင်ဘာ ၁၀ ရက်နေ့၊ ဒေသစံတော်ချိန် မနက် ၂ နာရီလောက်မှာတော့ကမ္ဘောဒီးယားအမျိုးသားအိုလံပစ် ကော်မတီအတွင်းရေးမှူးချုပ်ဗက်သ်ချမ်ရွန်းကကမ္ဘောဒီးယား အားကစားအဖွဲ့တွေကို ပြိုင်ပွဲက နုတ်ထွက်စေမယ့် ဆုံးဖြတ်ချက်ကို သူ့ဆီ အသိပေးလာခဲ့တယ်လို့ ချိုင်ယာပက်ခ်က ဆိုပါတယ်။

အားကစားသမားတွေရဲ့မိသားစုတွေကတကယ်လို့သာထိုင်း-ကမ္ဘောဒီး ယားစစ်ရေးပဋိပက္ခတွေ ကျယ်ပြန့်လာရင် ထိုင်းနိုင်ငံမှာ ရှိနေတဲ့ သူတို့ရဲ့ သားသမီးတွေအတွက် အကျပ်အတည်းတွေ ကြုံလာမှာကို စိုးရိမ်ကြောင်း သူ့ဆီ အသိပေးခဲ့တယ်လို့ ချမ်ရွန်းက ချိုင်ယာပက်ခ်ကို အကြောင်းပြခဲ့ပါတယ်။

ကမ္ဘောဒီးယားဟာဒီဆုံးဖြတ်ချက်ကိုဆီးဂိမ်း တာဝန်ရှိသူတွေဆီ အသိပေးခဲ့သလို အိမ်ရှင် ထိုင်းနိုင်ငံဆီလည်း တရားဝင် အသိပေးစာ ပေးပို့ အကြောင်းကြားသွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရောက် ကမ္ဘောဒီးယား အားကစား အဖွဲ့တွေကတော့ ဒီဇင်ဘာ ၁၀ ရက်နေ့မှာ နေရပ်ပြန်ကြမယ်လို့ သိရပါတယ်။

ကိုးကား – Bangkok Post

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းရဲ့ တိုက်ခိုက်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ တန်ပြန်စစ်ဆင်ရေးတွေ စတင်နေပြီလို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်းက ပြောကြားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားနဲ့ ညှိနှိုင်းဆွေးနွေးကြဖွယ် ရှိတယ်ဆိုတဲ့ ခန့်မှန်းချက်တွေကို ထိုင်းဝန်ကြီးချုပ်က ပယ်ချသွားခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

အပစ်ရပ် သဘောတူညီထားမှုကို ဆက်ပြီး လေးစား လိုက်နာပေးကြဖို့ ထိုင်းနဲ့ ကမ္ဘောဒီးယားကို အမေရိကန် အစိုးရက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

နယ်စပ်မှာ စစ်ရေး ပဋိပက္ခတွေ ရုတ်တရက် ပြန်လည် မြင့်တက်လာတဲ့နောက် ထောင်နဲ့ချီတဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား ဒေသခံတွေ အရေးပေါ် ရွှေ့ပြောင်းနေကြကြောင်း သိရပါတယ်။

Facebook