close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆီးဂိမ်းပြိုင်ပွဲမှာ ကိုယ်တိုင်ဝင်နွှဲမယ့် ထိုင်းဘုရင့် မိဖုရား

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ရဲ့ ရွက်လှေပြိုင်ပွဲ တစ်ခုမှာ ထိုင်းဘုရင့် မိဖုရားကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (ဆီးဂိမ်း)ရဲ့ ရွက်လှေပြိုင်ပွဲ တစ်ခုမှာ ထိုင်းဘုရင့် မိဖုရားကိုယ်တိုင် ပါဝင်ယှဉ်ပြိုင်မယ်လို့ သိရပါတယ်။

ဒါဟာ ဆီးဂိမ်း အောင်မြင်ရေးအတွက် တော်ဝင်မိသားစုကပါ ပြိုင်ပွဲရဲ့ ပုံရိပ်ကို ကူညီမြှင့်တင်ပေးတဲ့ အားပေးချီးမြှောက်မှု တစ်ခုလို့ ဆိုနိုင်ပါတယ်။ ဘုရင်မကြီး ဆုသီဒါ ဘက်ဂျ်ရာဆူ ဟာဘီမာလာလက်ခ်ရှနာဟာ ၃၃ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲရဲ့ keelboat SSL47 ရွက်လှေပြိုင်ပွဲတွေမှာ ထိုင်းနိုင်ငံ ကိုယ်စားပြု ပါဝင် ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

အဲဒီပြိုင်ပွဲ အမျိုးအစားကိုတော့ ချောင်ဘူရီ ပြည်နယ်ထဲက ပတ္တရားကမ်းခြေမှာ ဒီဇင်ဘာ ၁၅ ကနေ ၁၈ ရက်နေ့ထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အသက် ၄၇ နှစ်အရွယ် မိဖုရားကြီးက အဲဒီပြိုင်ပွဲကို ရုပ်ပြသဘောလောက် ဝင်ယှဉ်ပြိုင်တာမျိုး မဟုတ်ဘဲ ရွှေတံဆိပ်ကိုပါ မှန်းထားတယ်လို့ ဆိုပါတယ်။

SSL47 အဆင့်သတ်မှတ်ချက်ဟာ ၄၇ ပေရှည်တဲ့ ရွက်လှေတွေကို ထိန်းကျောင်းပြီး ပြိုင်ပွဲဝင်ရတာမျိုးပါ။ လှေအဖွဲ့သားတွေရဲ့ ညီညွတ်မှု၊ ခွန်အား၊ နည်းစနစ်၊ ကျွမ်းကျင်မှုတွေ၊ လေကြောင်းနဲ့ ရေလှိုင်းတွေရဲ့ သဘောတရားကို နားလည်တတ်သိမှုတွေ ပေါင်းစပ်ပြီး ယှဉ်ပြိုင်ရတဲ့ အားကစားနည်း ဖြစ်ပါတယ်။ ပြီးတော့ ဒီနှစ် ဆီးဂိမ်းကျမှ စတင် ထည့်သွင်းကျင်းပတဲ့ အားကစားနည်း တစ်ခုလည်းဖြစ်ပြီး ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ မလေးရှားနဲ့ မြန်မာ အားကစားအသင်းတွေ ပါဝင် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

မိဖုရားကြီး စုသီဒါဟာ ၂၀၁၉ တုန်းက ထိုင်းဘုရင် မဟာ ဗဂျီရာလောင်ကွန်းနဲ့ ထိမ်းမြား လက်ထပ်ခဲ့ပါတယ်။ လေယာဉ်မယ်ဟောင်း တစ်ဦးဖြစ်တဲ့ စုသီဒါဟာ နောက်ပိုင်းမှာ စစ်မှုထမ်းခဲ့ပြီး ထိုင်းဘုရင့် ကိုယ်ရံတော်တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ်ရာထူးကိုပါ ရရှိလာခဲ့ပါတယ်။

သူဟာ အရင်ကတည်းက အားကစားနည်း တချို့မှာ တက်တက်ကြွကြွ ပါဝင်လေ့ကျင့် လှုပ်ရှားခဲ့ဖူးပြီး နိုဝင်ဘာ ၁၉ နဲ့ ၂၀ တို့မှာတော့ ရွက်လှေအသင်းနဲ့ လေ့ကျင့်နေတဲ့ ပုံရိပ်တွေက အများရဲ့ အာရုံစိုက်ခြင်းကို ခံလာရပါတယ်။ စုသီဒါဟာ ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ဆီးဂိမ်းအကြို အရည်အချင်း ဆန်းစစ်မှုအဖြစ် ကျင်းပတဲ့ ဖူးခက် ဘုရင့်ဖလား ပြိုင်ပွဲမှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ မိဖုရားကြီးဟာ သူ့ရဲ့အသင်းမှာတော့ ရေကြောင်းလမ်းညွှန် အနေနဲ့ အဓိက တာဝန်ယူလေ့ ရှိပါတယ်။ ပင်လယ်ပြင်ရဲ့ အချိန်ပြည့် ပြောင်းလဲနေတဲ့ မှန်းဆဖို့ခက်တဲ့ အခြေအနေတွေကြားမှာ ရွက်လှေကို အန္တရာယ်ကင်းကင်း ပဲ့ကိုင်ဖြတ်သန်းဖို့အတွက် အဲဒီတာဝန်က အထူးအရေးကြီးတဲ့ အစိတ်အပိုင်းမှာ ပါဝင်နေပါတယ်။

မိဖုရားကြီး စုသီဒါဟာ ကိုယ်လက်ကြံ့ခိုင်မှု အပိုင်းမှာတော့ ထိပ်တန်း အားကစားသမား တစ်ဦးဆိုတာ သံသယရှိဖို့ မလိုပါဘူး။ နိုဝင်ဘာ ၃၀ ရက်နေ့မှာတင် သူဟာ ၂၁ ကီလိုမီတာ ရှည်လျားတဲ့ မာရသွန် တာဝက် ခရီးစဉ်ကို ၂ နာရီ ၁၃ မိနစ်၊ ၄၀ စက္ကန့်နဲ့ ပန်းဝင်ခဲ့ကြောင်း သိရပါတယ်။

ကိုးကား: VN Express

ဆက်စပ်သတင်းများ

ထိုင်း - ကမ္ဘောဒီးယား

ထိုင်းနိုင်ငံမှာကျင်းပတဲ့အရှေ့တောင်အာရှအားကစားပြိုင်ပွဲ (ဆီးဂိမ်း)မှာ ကမ္ဘောဒီးယား အားကစားသမားအားလုံး ပါဝင်တော့မှာ မဟုတ်ကြောင်း ကမ္ဘောဒီးယားက ကြေညာခဲ့ပါတယ်။

News

ကွယ်လွန်သွားသည့် အားကစားသမားမှာ မြန်မာ့လက်ရွေးစင် ကာလဗလမောင် မိုးဆွေဖြစ်ပြီး ကွယ်လွန်ချိန်၌ အသက် ၃၈ နှစ်အရွယ်ရှိပြီဖြစ်သည်။