close
Connect with us

Hi, what are you looking for?

သတင်း

တော်လှန်ရေးရဲဘော်တွေ မုံရွာမြို့ထဲ ဝင်ရောက်တိုက်ခိုက်၊ စစ်ကောင်စီအဖွဲ့ဝင်တွေ သေဆုံးမှုရှိဟုဆို

မုံရွာမြို့အခြေစိုက်တော်လှန်ရေးရဲဘော်တွေဟာ မြို့ပေါ်အထိဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီယာဉ်တန်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ၅/ဖိုက်တာLocal PDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ-၁၀၊ ၂၀၂၅ ဇေအောင်/People’s Spring

မုံရွာမြို့အခြေစိုက်တော်လှန်ရေးရဲဘော်တွေဟာ မြို့ပေါ်အထိဝင်ရောက်တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီယာဉ်တန်းကိုလည်း တိုက်ခိုက်ခဲ့တယ်လို့ ၅/ဖိုက်တာLocal PDF Monywa အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

ဒီဇင်ဘာ ၇ ရက် ည ၈နာရီခန့်က မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က စစ်ဘက်ရေးရာလုံခြုံရေးဌာနမှူး ဗိုလ်မှူးကြီး တင်ကို၊ မုံရွာမြို့တော်ခန်းမလုံခြုံရေး ဗိုလ်ကြီး စိုးမင်းဦးနဲ့ မုံရွာမြို့ အမှတ်(၁) ရဲစခန်း စစ်ကြောရေး အရာရှိဗိုလ်ကြီး တစ်ဦးတို့ လိုက်ပါလာတဲ့ ကား ၂စီးကို မုံရွာမြို့ ပြည်ထောင်စုလမ်းမပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၅/ဖိုက်တာ Local PDF Monywa အဖွဲ့က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှု အတွင်း ဗိုလ်မှူးကြီး တင်ကို ၊ ဗိုလ်ကြီး စိုးမင်းဦးနဲ့ အမှတ်(၁)ရဲစခန်း စစ်ကြောရေး အရာရှိ ဗိုလ်ကြီး တစ်ဦး အပါအဝင် ၇ ဦးသေဆုံးခဲ့ပြီး ကား ၁စီး မီးလောင် ပျက်စီးခဲ့ကြောင်း၊ ရှေ့ဆုံးကားမှာ လိုက်ပါလာတဲ့ ယာဥ်မောင်း မောင်ဇော်နဲ့ စစ်သား ၂ ဦးသာ အသက်ရှင်ပြီး ဒဏ်ရာများရရှိခဲ့ကြောင်း ၅/ဖိုက်တာLocal PDF Monywa အဖွဲ့က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီဘက်က ဘိုးဘွားရိပ်သာ အဝိုင်းပတ်အနီးမှ စစ်တပ်ကင်းနဲ့ ပြည်ထောင်စု အင်းဖြတ်လမ်းအနီးမှ စစ်တပ်ကင်းပုန်းများက နှစ်ဖက်ညှပ်ကာ ပြန်လည် ဝိုင်းဝန်းပစ်ခတ်ပြီး တိုက်ပွဲဖြစ်ပွားရာနေရာကို အရေးပေါ်ကား ၁စီးနဲ့ စစ်ကူထွက်လာတဲ့ အိမ်စီးကား ၂၈ စီး ၊ သံပြားကာ ၁၀ စီး ၊ ရဲကားကြီး ၂စီး ၊ ပွိုင့် ၅ ပါကား ၂ စီး ၊ နမခမှ ပါရာမိုရာစက်တပ်လေထီး ၁ စီးအပါအဝင် မအူဂိတ်နဲ့ တောရကျောင်းဂိတ်မှ လက်နက်ကြီး ပစ်ကူများပေး ခုခံခဲ့ကြောင်း သိရပါတယ်။

အဲဒီနောက် တော်လှန်ရေး ရဲဘော်များက မုံရွာမြို့ ရေဦးဆန်ဆိုင်ဂိတ်ကိုလည်း ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း၊ တိုက်ခိုက်မှုပြုလုပ်ပြီးနောက် တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၅/ဖိုက်တာLocal PDF Monywa အဖွဲ့က ပြောပါတယ်။

” ဒီတိုက်ခိုက်မှုမှာ G-2 လိုက်ပါလာတဲ့ ကားမီးလောင် ပျက်စီးသွားတယ်။ သေဆုံးတာက G2 ဗိုလ်မှူးကြီးတင်ကို သူက စစ်သက်တမ်း ၄၆ နှစ်ရှိပြီး စစ်ဘက်ရေးရာလုံခြုံရေးဌာနမှူးက ဆက်သွယ်ရေး စက်အခေါ် (တောင်ကြီး)လို့သိရတယ်။ နောက်ပြီး မုံရွာမြို့တော်ခန်းမက ၃ ပွင့်ဗိုလ် စိုးမင်းဦး နဲ့ မုံရွာမြိုအမှတ် ၁ ရဲစခန်း စစ်ကြောရေးအရာရှိ ၃ ပွင့်ဗိုလ်ကြီး တစ်ကောင် အပါအဝင် ၁၀ ဦးသေဆုံးတယ်။ ကျနော်တို့ မုံရွာမြို့အတွင်း ပြည်ထောင်စုလမ်းပေါ်ထိ တက်ပြီး တိုက်ခိုက်ခဲ့တာပါ။ ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်” လို့ ၅/ဖိုက်တာLocal PDF Monywa အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲမှာ ည၈ နာရီခန့်ကနေ ၁၂ နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်တာတွေရှိတာကြောင့် နောက်တနေ့မနက်အထိ တိုက်ပွဲဖြစ်ပွားရာနေရာကို သွားလာမှုမရှိကြောင်း မုံရွာမြို့ခံတွေက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို ၅/ဖိုက်တာLocal PDF Monywa နှင့်မဟာမိတ်များ

Black Falcon ၊ Democratic Local Coalition (DLC) ၊ BLDF စစ်ဒေသ ( ၂ ) ၊ PLA ၊ Three Star ၊ သွေးသောက်ညီကိုတော်လှန်ရေးတပ်ဖွဲ ၊ ဘာမထီတော်လှန်ရေးတပ်ဖွဲ ၊ Mon Ywa Undergrown Force ၊ Moe Hein Defense Force ၊ Liger Three ၊ Mon Yaw Brother Attack Force နှင့် Golden Eagle အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ