Connect with us
close

Hi, what are you looking for?

LuduNwayOo

ဆောင်းပါး

မြို့ပြမှ မီး ဘေး ဒုက္ခသည်​တွေ

ပုံမှန်ဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီက မီးလုံးဝမဖြတ်တဲ့ အချိန်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ညည့်နက်ရင် တိုက်ခန်းတွေကိုမီးဖြတ်ပစ်လေ့ရှိတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring)
(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring)

ရောင်နီ /People’s Spring

“ဖျတ် ကနဲ … လာ

ဖျတ် ကနဲ … ပျက်

ဘုရားကြီးလည်း မီးခက်ပါတယ်”

Public Service Announcement

Public Service Announcement

ဒီစာသားက မြန်မာနိုင်ငံမှာနေတဲ့သူတွေရဲ့ လျှပ်စစ်မီးက‌ပေးတဲ့ ဒုက္ခကနေ ဖြစ်ပေါ်လာတာပါ။

ပြည်သူတွေတင်မဟုတ်ပဲ ဘုရားတွေတောင် မီးမှန်မှန်မရတော့လို့ အလှူငွေလှူကြဖို့ဖိတ်ခေါ်နေရတာပါ။

လေးနာရီခြား မီးပေးတယ်လို့ စစ်​ကောင်စီရဲ့လျှပ်စစ်ဌာနက ကြေညာထားပေမယ့် မီးက ပေးရမယ့်အချိန်တွေမှာလည်း ပျက်နေတာပါ။

“နေ့ပိုင်းမီးမလာတာထား ရတယ်။ညပိုင်းမီးပျက်တော့ ဘယ်လိုလုပ်သွား အိပ်ရမလဲ။အိပ်ချိန်ရောက်တော့မယ်ဆိုရင် မီးကိုဖြတ်ပြီ” လို့ ရန်ကုန်မြိုနေ အသက် ၃၀ အရွယ်အမျိုးသမီးတစ်ဦးက ပြောပါတယ်။

(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring)
(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People’s Spring)

ပုံမှန်ဆိုရင် ည ၉ နာရီကနေ မနက် ၅ နာရီက မီးလုံးဝမဖြတ်တဲ့ အချိန်ဖြစ်ပေမယ့် အခုနောက်ပိုင်းမှာတော့ ညည့်နက်ရင် တိုက်ခန်းတွေကိုမီးဖြတ်ပစ်လေ့ရှိတယ်လို့ လှိုင်မြို့နယ်မှာနေထိုင်တဲ့ အမျိုးသားတစ်ဦးကပြောပါတယ်။

“တစ်နိုင်ငံလုံး System Breakdown ဆိုနားလည်ပေးလို့ရသေးတယ်။ အခုက ညတိုင်းလိုလို မီးဖြတ်တယ်။ ဖြတ်တာကလည်း အိမ်တွေကိုပဲ ဖြတ်တာ ။ လမ်းမီးတွေ ပေးထားတယ်။ တမင်ဖြတ်ချင်လို့ကို ဖြတ်တဲ့‌သဘောပဲ” လို့ အထက်ပါအမျိုးသားကပြောပါတယ်။

ရန်ကုန်မြို့ရဲ့ တချို့မြို့နယ်တွေမှာဆိုရင် တစ်ရက်လုံးကိုမှ လေးနာရီလောက်တောင် မီးမရတဲ့ မြို့နယ်တွေလည်းရှိနေပါတယ်။ တစ်ခါတစ်ခါကျ မီးကို ဖြတ်လိုက် လာလိုက်လုပ်နေတာတွေလည်း အကြိမ်ရေမတွက်နိုင်အောင်ကြုံရတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။

ရွှေပြည်သာမြို့နယ်မှာဆိုရင် တစ်နေ့လုံး မီးပုံမှန်မရတဲ့အပြင် ညတိုင်းလည်း မီးပျက်တာကတော်တော်ဆိုးတယ်လို့ ဒေသခံတွေကပြောပါတယ်။

(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring)
(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People’s Spring)

“မီးပျက်လို့ EPC ကိုဖုန်းဆက်ရင် အမတို့ရပ်ကွက်ကိုမီးလွှတ်ထားတယ်။ အမတို့ဘက်လိုင်းက Breaker ကျနေတာ အဲတာပဲကြားရတယ်။ Breaker ပြန်တတ်ဖို့ ဘယ်လူကြီး ဘယ်တာဝန်ရှိသူတွေကို ဆက်သွယ်ရမလဲ” လို့ ရွှေပြည်သာမြို့နယ်မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးကရင်ဖွင့်ထားပါတယ်။

အခုလိုမီးပျက်နေရတာက အထက်အမိန့်ကိုလိုက်နာရလို့ ၊ စက်မှုဇုန်တွေဆီကနေ လာဘ်ငွေယူပြီး မီးပေးနေလို့ စတဲ့ အကြောင်းပြချက်တွေကြားရပေမယ့် မီးပျက်တဲ့အကြောင်းရင်းကို လူထုနွေဦးအနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။

ပြည်သူတွေကတော့ EPC ဝန်ထမ်းတွေအပေါ်မှာတော်တော်မေတ္တာထားနေကြပါတယ်။ အရင်ကမြွေဆိုးတွေတွေ့ရင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာတွေကို လွှတ်ခိုင်းသလို အခုနောက်ပိုင်းတော့ နီးစပ်ရာ EPC တွေထဲကိုလွှတ်ဖို့ ပြောဆိုနေကြပါတယ်။

လက်ရှိအချိန်မှာ နိုင်ငံတစ်ဝန်းအပူချိန်တွေကလည်း တိုးနေတာကြောင့် လူဦးရေထူထပ်တဲ့ ၊ အရိပ်ရသစ်ပင်တွေမရှိတဲ့ ၊ တိုက်ခန်းတွေနဲ့နေရတဲ့ ရန်ကုန်က အပူဒဏ်ကိုပိုခံစားနေရတာပါ။

ဒါကြောင့် နေ့လည်ပိုင်းတွေဆိုရင် လေအေးပေးစက်တွေ မပြတ်ဖွင့်ထားတဲ့ ဈေးဝယ်စင်တာလိုနေရာတွေမှာ လူအများအပြား အပူရှောင်ရင်းလာနေကြတာကိုတွေ့ရပါတယ်။

ညနေပိုင်းတွေမှာလည်းပြည်သူအများစုက မီးမလာတာကြောင့် အိမ်တွေမှာမနေနိုင်ပဲ ပန်းခြံ ၊ ကန်ဘောင်စတဲ့နေရာတွေမှာ သွားရောက်နေကြရပါတယ်။

(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People's Spring)
(ရန်ကုန်မြို့လယ်ရှိ ၊​မြေနီကုန်းပန်းခြံတွင် ၊ညပိုင်းအပူဒဏ်​ရှောင်​နေကြ​​သော ပြည်သူများကို ဧပြီလဒုတိယပါတ်က​တွေ့ရစဥ်။ ဓါတ်ပုံ-People’s Spring)

အဆိုးဆုံးက​တော အပူပြင်းထန်​နေချိန်မှာ မီးပျက်တာ​​​ကြောင့် အပူရှပ်(Heat Stroke)လို့ ပြည်သူ​တွေ​သေဆုံးရတာ​တွေပါရှိလာပါတယ် ။ မန္တ​လေးမြို့မှာဆိုရင် အပူရှပ်ပြီးတစ်ရက်တည်း ပြည်သူ​သေဆုံးမှုဟာတချို့​နေ့​တွေမှာ ဆယ်ဂဏန်းအထိရှိလာတယ်လို့ လိုက်လံကူညီ​ပေး​နေသူအချို့က​ပြောပါတယ် ။

“လျှပ်စစ်ကားအင်ဗာတာ ၊ဆိုလာ၊ ပါဝါစတေရှင်ဘက်ထရီတွေကို သာကောဆီက မအလနဲ့သားများကသွင်းပြီးမီးကိုဖြစ်ခိုင်းတာဖြစ်မယ်”လို့ ပြည်သူတစ်ဦးက သူ့အမြင်ကိုရေးသားထားပါတယ်။

ပြည်သူတွေပြောသလိုပဲစစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကတည်းက လျှပ်စစ်မီး မှန်မှန်မရရှိတော့တာပါ။ အရင် အရပ်သား အစိုးရခေတ်တုန်းက မီးပျက်တာအနည်းအကျဥ်းရှိပေမယ့် ဒီလိုမဆိုးဘူးလို့ ပြည်သူတွေက ပြောပါတယ်။

“ပြည်သူ့အစိုးရလက်ထက်က နွေရာသီတောင် မီးမပျက်အောင် စွမ်းဆောင်ပြသွားတယ်… အခုများတော့ ဘက်စုံကိုပျက်စီးနေတော့တယ် ” လို့ ပြည်သူတစ်ဦးက YESC Call center ရဲ့ပို့စ်အောက်မှာ မှတ်ချက်ရေးသားထားပါတယ်။

အာဏာမက်ပြီး တိုင်းပြည်ကိုသိမ်းလိုက်ပေမယ့် ပြည်သူတွေကို အခက်အခဲဖြစ်အောင်ပဲလုပ်နိုင်တဲ့ စစ်ကောင်စီအနေနဲ့ ကိုယ့်အရည်အချင်းကိုယ်သိဖို့ အချိန်တန်ပြီလို့ ပြည်သူတွေက ပြောကြားနေကြပါတယ်။

ပြည်သူတစ်ဦးကတော့ ဒီလို ဒုက္ခတွေက လွတ်ဖို့အတွက် ‌နည်းလမ်းတစ်ခုပဲရှိတယ်လို့ အခုလို အကြံပြုထားပါတယ်။

“ဘာမှလုပ်မနေနဲ့ ဒီမအလ အာဏာသိမ်း စကစ ပြုတ်အောင်သာ အားစိုက်ကူညီကျ ဒီမအလ စကစ ပြုတ်ကျရင် ဒီမအလ ပေးတဲ့ ဒီလိုဝဋ်ဒုက္ခ စိတ်ဆင်းရဲချင်းက ပြည်သူတွေအမြန်လွတ်ကြမယ်”

ဆက်စပ်သတင်းများ

သတင်း

ကျောက်မဲမြို့၊ မြို့နယ်စည်ပင်သာယာ​ရေး​ကော်မတီ၊ဦးစီးမှူးနှင့် နမ္မတူမြို့မှ လျှပ်စစ်ဌာန အရာရှိတစ်ဦးသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် လူနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဟု သိရသည်။

သတင်း

AFRYက မြန်မာနိုင်ငံတွင်း ၎င်းတို့ တည်ရှိနေခြင်းသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ​ထောက်ပံ့မှု ဖြစ် ၊မဖြစ်ဆန်းစစ်ပြီးခဲ့ နောက်လူ့အခွင့်အရေးချိူးဖောက်မှုများကို လက်မခံနိုင်ခြင်းပြုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ထိုစီမံကိန်းများအနက် မဂ္ဂါဝပ် ၁၀၀ ထုတ်လုပ်မည့် ရေအားလျှပ်စစ်စီမံကိန်းကို ယခုနှစ်(၂၀၂၃)ဒီဇင်ဘာတွင် လုပ်ငန်းများစတင်ရန် စစ်ကောင်စီခန့် လျှပ်စစ်စွမ်းအားဝန်ကြီး ဦးသောင်းဟန်ကပြောကြောင်းစစ်​ကောင်စီမီဒီယာများကဖော်ပြသည်။

သတင်း

ယခင်ကလည်း ဖယ်ခုံမြို့နယ်အတွင်းရှိ လျှပ်စစ် တာဝါတိုင်များကို ကာကွယ်ရေးတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ တိုက်ခိုက်ဖျက်ဆီးမှုအချို့ရှိခဲ့သည်။