ဆွီဒင်စွမ်အင်းကုမ္ပဏီတစ်ခုဖြစ်သည့် AFRY သည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ် စီမံကိန်းများတွင် ပါဝင်မှုကို ရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင်လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုမိုဆိုးဝါးလာခြင်းကြောင့် ယခုလို ရပ်ဆိုင်းရခြင်းဖြစ်သည်ဟု ကုမ္ပဏီကဆိုသည်။
AFRYသည် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်းများကို အကြံပေးကုမ္ပဏီအဖြစ် နှစ်ပေါင်း ၂၀ ကျော်လုပ်ကိုင်ခဲ့ခြင်းဖြစ်သည်။ AFRY သည် လက်ရှိတွင် မြန်မာနိုင်ငံရှိ ရေအားလျှပ်စစ်စီမံကိန်း သုံးခုတွင်ပါဝင်ဆောင်ရွက်နေပြီး စီမံကိန်းတစ်ခုသည် လက်ရှိလုပ်ကိုင်နေဆဲဖြစ်သည်။
ထိုစီမံကိန်းစာချုပ်များကို ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုမတိုင်မီ လက်မှတ်ရေးထိုးခဲ့ပြီး AFRY သည် စစ်တပ်အာဏာသိမ်းပြီးနောက် စာချုပ်များထပ်မံလက်မှတ်ရေးထိုးခြင်းမရှိဟုလည်းဆိုသည်။
AFRYက မြန်မာနိုင်ငံတွင်း ၎င်းတို့ တည်ရှိနေခြင်းသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေထောက်ပံ့မှု ဖြစ် ၊မဖြစ်ဆန်းစစ်ပြီးခဲ့ နောက်လူ့အခွင့်အရေးချိူးဖောက်မှုများကို လက်မခံနိုင်ခြင်းပြုနိုင်ခြင်းကြောင့် မြန်မာနိုင်ငံမှ နှုတ်ထွက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
လုပ်ငန်းများလက်စသတ်၍ယခုနှစ်ကုန်တွင် မြန်မာနိုင်ငံက အပြီးသတ်နှုတ်ထွက်မည်ဟုလည်းဆိုသည်။
AFRY၏ ကုမ္ပဏီခွဲတွင် မြန်မာနိုင်ငံရှိ အထက်ရဲရွာနှင့် အလယ်ပေါင်းလောင်းရေးအားလျှပ်စစ်စီမံကိန်းများအတွက် အကြံပေးကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် အကြံပေးအတိုင်ပင်ခံကုမ္ပဏီအဖြစ်ဒေါ်လာ၄ ဒသမ ၆၈ သန်းရရှိခဲ့သည်ဟုJustice For Myanmar က စုံစမ်းထုတ်ဖော်ခဲ့သည်။
AFRYက မြန်မာနိုင်ငံအတွင်း ရေအားလျှပ်စစ်စီမံကိန်း ၁၃ခုအတွက် အတိုင်ပင်ခံကုမ္ပဏီအဖြစ်ဆောင်ရွက်ခဲ့ပြီး ထိုထဲတွင် ရွှေလီ-၃၊ ရဲရွာ၊ အထက်ပေါင်းလောင်း၊ အထက်ကျိုင်းတောင်းနှင့် ထမံသီရေးအားလျှပ်စစ်စီမံကိန်းများပါဝင်သည်ဟု ကုမ္ပဏီက၎င်းတို့ ဝက်ဆိုဒ်ထုတ်ပြန်ထားသည်။
စစ်အုပ်စုအာဏာသိမ်းပြီးနောက် ပြင်သစ်ရေနံကုမ္ပဏီ Total ၊ အမေရီကန် စွမ်းအင်ကုမ္ပဏီ ရှက်ဗရွန် ၊မလေးရှားစွမ်းအင်ကုမ္ပဏီ ပီထရိုနာစ် စသောကုမ္ပဏီများကမြန်မာနိုင်ငံမှ အသီးသီးထွက်ခွာခဲ့ကြသည်။
