စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် Tiger King ပြောက်ကျားတပ်ဖွဲ့က လက်နက်ငယ်အစစ်မရှိသေးသော်လည်း တိုက်ပွဲဝင်လက်နက်ကြီးများတိုးမြှင့် ထုတ်လုပ်နေကြောင်း သတင်းထုတ်ပြန်သည်။

ရွှေဘိုတပ်ရင်း (၁၅)၊ Tiger King ပြောက်ကျားတပ်ဖွဲ့သည် လက်လုပ်တူမီး ကိုးလုံးကျည်သေနတ်များဖြင့် တိုက်ပွဲဝင်နေရသော်လည်း အကြမ်းဖက်စစ်ကောင်စီတပ်များကို ထိထိရောက်ရောက် တိုက်ခိုက်နိုင်ရန်လက်နက်ကြီးများကို ယခင်ထက်ပိုမိုထုတ်လုပ်လျက်ရှိကြောင်း ၎င်းအဖွဲ့က အသိပေးသည်။

သေနတ်အစစ်မရှိသေးသည့်အတွက်ကြောင့် လက်နက် ကြီးများကိုသာ အားထားတိုက်ပွဲဝင်နေရကြောင်း၊ ပွဲတိုင်းကျော် လက်နက်ကြီးများကို ယခင်ထက် ပိုမိုထုတ် လုပ်လျက်ရှိကြောင်း Tiger King ပြောက်ကျားတပ်ဖွဲ့ကအသိပေးသည်။
Tiger King ပြောက်ကျားတပ်ဖွဲ့သည် ရွှေဘိုခရိုင်၊ ဝက်လက်နယ်အတွင်းရှိ ဒေသတွင်းPDFအဖွဲ့များနှင့်ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည်။
