ဥကရစ်ထစခန်းတိုက်ပွဲမှာ ပူးပေါင်းတပ်တွေက သေဆုံးဒဏ်ရာရသူများနေကြောင်း စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားပြီး နာရီပိုင်းအကြာတွင် VENOM ကွန်မန်ဒိုစစ်ကြောင်းက ရုပ်သံဖိုင်တစ်ဖိုင်ကို ထုတ်ပြန်လိုက်သည်။
၄မိနစ် ၁၈ စက္ကန့်ရှိသော ရုပ်သံဖိုင်တွင် ဥကရစ်ထ စခန်းတိုက်ပွဲတွင်စစ်ကောင်စီတပ်သားအလောင်းအချို့၏ရုပ်အလောင်းများကိုတွေ့ရပြီး စစ်သားအလောင်းအချို့ကြားမှ ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီကို အပြင်းအထန်ပစ်ခတ်တိုက်ခိုက်နေသည်ကို တွေ့ရသည်။
“ဥကရစ်ထတိုက်ပွဲဖြစ်စဉ်အတွင်း စခတို့၏အသက်ပေါင်းများစွာပေးဆပ်လိုက်ရသည်။ဒလန်သည်အလွန်ကြောက်ဖို့ကောင်းသည်။စစ်တပ်၏လေယာဉ်မှကျဲချသော ဗုံးများသည် ၎င်းတို့၏တပ်သားများကိုသေစေခဲ့သည်” ဟုလည်း ဖော်ပြထားသည်။
ထိုအပြင် ‘မှတ်ချက်။ “ရှိုးလိုက်အုန်း ရှိုးလိုက်အုန်း ခွေးသေတွေတဲ့” ပြောမှားဆိုမှားရှိရင် ဗွေမယူပါနဲ့ခင်ဗျာ (ခွေးဆိုသည်မှာတစ်နိုင်ငံလုံးမှ ခေါ်သော ၎င်းတို့၏Nickname ဖြစ်ပါသည်။)’ ဟုရေးသားထားသည်။
စစ်ကောင်စီ၏ဥကရစ်ထစခန်းကို ဗိုလ်စလုံးဦးဆောင်သော KNDO၊ VENOM ကွန်မန်ဒိုတပ်တို့ကတိုက်ခိုက်လျှက်ရှိပြီး ကော်ဘရာစစ်ကြောင်းကလည်း ထပ်မံပူးပေါင်းတိုက်ခိုက်နေသည်။ ဇွန်လ ၂၆ မှစ၍ ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ၆ ရက်မြောက်အထိ့တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။
စစ်ကောင်စီတပ်က သေဆုံးဒဏ်ရာရရှိမှုများပြားသဖြင့် တိုက်လေယာဥ်များ၊ လက်နက်ကြီးများ အများအပြားအသုံးပြု၍ စခန်းမကျစေရန် ခုခံကာကွယ်နေပြီး ပူးပေါင်းတပ်များက စခန်းပတ်ပတ်လည်ကို ပိတ်ဆို့ကာအပြီးသတ် စခန်းသိမ်းနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုကြောင့်စစ်ကောင်စီက စခန်းနှင့်မြေပြင်အဆက်အသွယ်ပြန်ရရန်စစ်ကူလွှတ်ရာ စစ်ကူစစ်ကြောင်းမှာ အားလုံးနီးပါးသေသွားသည်အထိ့ပူးပေါင်းတပ်၏ကြားဖြတ်တိုက်ခိုက်ခံရ၍ ယနေ့(ဇူလိုင် ၁)တွင် စစ်ကူများကို လေယာဥ်ပေါ်မှ လေထီးဖြင့် ချသောနည်းလမ်းအသုံးပြုလာပြီး တိုက်ပွဲများအပြင်းအထန်ဆက်လက်ဖြစ်ပွားနေသည်။
စစ်ကောင်စီက ဥကရစ်ထတိုက်ပွဲတွင် ၎င်းတို့ကသေဆုံးထိခိုက်မှုများစွာဖြင့်အထိနာနေသော်လည်း သတင်းကို လိမ်လည်ဖြန်ချီနေခြင်းဖြစ်သည်။
