Kaung For You(K4U)မှ ဆရာ၊ ဆရာမများဖမ်းဆီးခံရခြင်းအပါအဝင် အချက်အလက်များပေါက်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများ၏လုံခြုံရေးကို စိုးရိမ်လျှက်ရှိပြီး ကုလအပါအဝင် နိုင်ငံတကာနှင့် ချိတ်ဆက်တုန့်ပြန် သွားမည်ဟု NUG အစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့မှ ယနေ့(ဇူလိုင် ၁၄)တွင် ပူးတွဲထုတ်ပြန်လိုက်သည်။
အကြမ်းဖက်စစ်အုပ်စုသည် K4U အွန်လိုင်းအခြေပြု ပညာရေးကြောင်းမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်းများပြုလုပ်လျှက်ရှိသည်ကို တွေ့ရသည်ဟု ဖော်ပြသည်။

K4U အနေဖြင့် မကြာသေးမီက အချက်အလက်များကျိုး ပေါက်သည်ကို လေ့လာတွေ့ရှိရကြောင်း၊ အွန်လိုင်းအခြေပြုပ ညာရေးကျောင်းတစ်ခုအနေဖြင့် ကိုယ်ရေးအချက် အလက်များကောက်ယူခဲ့ပြီး စနစ်တကျမထိန်းသိမ်းနိုင်ခဲ့ခြင်းသည် အခြေခံလူ့အခွင့်အရေးတပ်ရပ်ဖြစ်သော ကိုယ်ရေးအချက်အလက်လုံခြုံခွင့် ချိုးဖောက်ခြင်းဖြစ်၍ ထို့အတွက် သက်ဆိုင်ရာကျောင်းစီမံခန့်ခွဲမှုမှ တာဝန်ခံရမည်ဟု ဆိုသည်။
ထို့အတူ ပညာရေးအခွင့်အရေးသည်လည်း အခြေခံလူးအခွင့်အရေးတစ်ရပ်ဖြစ်ပြီး မည်သူတစ်ဦးတစ်ယောက်ကိုမှ ပညာသင်ကြားခြင်း၊ သင်ယူခြင်းကိုအကြောင်းပြု၍ ဖမ်း ဆီးခြင်း၊ ခြိမ်းခြောက်ခြင်း မပြုအပ်ဘဲ စစ်အုပ်စုမှ ဆရာ၊ ဆရာမများကို ဖမ်းဆီး၊ ခြိမ်းခြောက်ခြင်းသည် လူ့အခွင့်အရေးတစ်ရပ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ကြောင်း ထောက်ပြသည်။
“သူတို့ Data ပေါက်ကြားတဲ့သတင်းကြားကတည်းကနေ MOE ကတော့ ခေါ်ယူမေးမြန်းနေခဲ့တာပါ။ သူတို့အချင်း ချင်းကနေအချက်အလက်ပေါက်ကြားသွားတာဖြစ်ပြီး စကစ ကိုမရောက်သေးဘူး လို့သုံးသပ်ပြီး မြန်မြန်ဖြေရှင်းနိုင်ဖို့ ကြိုးစားနေစဉ်မှာပဲ ဆရာကောင်းအဖမ်းခံရတဲ့သ တင်းနဲ့အတူ ဆရာ/မ တွေ အဖမ်းခံလာရတာဖြစ်ပါတယ်” ဟု ပညာရေးဒုဝန်ကြီး ဂျာထွယ်ပန်က လူထုနွေဦးသို့ ပြော သည်။
Kaung For You Education ပညာရေးကျောင်းမှ ကျောင်း သား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသားမိဘများ၏ ကိုယ်ရေးအချက်အလက်အချို့ ပေါက်ကြားမှု ဖြစ်ပေါ်ခဲ့ပြီးနောက် ယင်းကျောင်းမှ ဆရာ၊ ဆရာမငါးဦးနှင့် ကျောင်းသူတစ်ဦးတို့ ယမန်နေ့(ဇူလိုင် ၁၃)က စစ်ကောင် စီ၏ဖမ်းဆီးခြင်းခံခဲ့ရသည်။
