ဖားကန့်မြို့နယ် ဆည်ဆင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီအထိနာပြီးနောက် လေကြောင်းမှ လာရောက်တိုက်ခိုက်နေကြောင်းဒေသခံများကပြောသည်။
“ဟိုရက်က မြေပြင်တိုက်ပွဲဖြစ်ပြီးဒီနေ့မှာတော့လေကြောင်းကနေ လာတိုက်တယ်။ရွှေတွင်းလုပ်သားတွေရှိတဲ့နေရာကို လေကြောင်းကနေ လာချတာ။ ဒေသခံတွေ ပြေးလွှားနေရတယ်”ဟု ဆည်ဆင်းဒေသခံတစ်ဦးကပြောသည်။
စစ်ကိုင်းတိုင်းဟုမ္မလင်းမြို့နယ်နှင့်ထိစပ်နေသည့်ဆည်ဆင်းကျေးရွာသည် ဥရုချောင်းဘေးမှ ကျေးရွာတစ်ခုဖြစ်ပြီး ရွှေတွင်းလုပ်ငန်းများစွာရှိသည်။ ဇူလိုင် ၁၄ရက်တွင်စစ်ကောင်
စီတပ်အား ကချင်လွတ်လပ်ရေးတပ်မတော်-KIAနှင့်PDFပူးပေါင်းကာပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်PDFနှင့် နီးစပ်သူတစ်ဦးကပြောသည်။
“ဘုရားငါးဆူရွာဘက်မှာ ရွှေတူးလုပ်သားတွေ အများကြီးရှိတယ်။ အခု ဘုရားငါးဆူရွာဘက်ကို ပစ်သွားတာ” ဟု ဒေသခံ တစ်ဦးကပြောသည်။
ဇူလိုင် ၁၄ရက်က ဖြစ်ခဲ့သော မြေပြင်တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ရှမ်းနီတပ်ဖွဲ့(SNA)က ဝင်တိုက်ပေးခဲ့သည်ဟုသတင်းများထွက်ပေါ်နေသည်။တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာရမှုအခြေအနေကိုမူမသိရသေးပေ။
