ဒီးမော့ဆိုမြို့နယ် အူးခူးရီကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ အနည်းဆုံးနှစ်ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)တပ်ရင်း – ၅ က ယနေ့(ဇူလိုင် ၁၇ ရက်)ထုတ်ပြန် သည်။
KNDF တပ်ရင်း (၅)တပ်ခွဲ – ၂၊ KNDF တပ်ရင်း – ၁ နှင့် ကရင်နီတပ်မတော်( KA)တို့ပူးပေါင်းကာ ယမန်နေ့ (ဇူလိုင် ၁၆ ရက်) ညနေ ၆ နာရီခွဲက သွားရောက်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။
တိုက်ပွဲကြာချိန် မိနစ် ၃၀ခန့်ရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ အနည်းဆုံး နှစ်ဦးသေဆုံးသည်ဟု အတည်ပြုနိုင်ခဲ့သည်ဟု ဖော်ပြသည်။
အလားတူ ကရင်နီပူးပေါင်းတပ်ဖွဲ့များမှ ထိခိုက်ကျဆုံးမှုမရှိခဲ့ကြောင်း KNDF တပ်ရင်း – ၅က အသိပေးသည်။

ယခုလ နှစ်ပတ်အတွင်း ကရင်နီပြည်နယ်၌ စစ်ကောင် စီ၏ စခန်းကုန်းများကို တိုက်ခိုက်ခြင်းနှင့် ထောက်ပို့ယာဥ်များကို ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ကရင်နီအမျိုး သားကာကွယ်ရေးတပ်(KNDF)က သီးခြားထုတ်ပြန်ထားသည်။
တိုက်ပွဲများအရ ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ ဘောလခဲနှင့် ဖရူဆိုမြို့နယ်များတွင် ထိတွေ့ မှုများစွာရှိခဲ့သည်။
အဆိုပါတိုက်ပွဲများတွင် စစ်ကောင်စီတပ်သား ၅၀ကျော်သေဆုံးကာ ကရင်နီပူးပေါင်းတပ်မှ ရဲဘော် ၁၂ဦးကျဆုံးခဲ့သည်။
