နွေဦးတော်လှန်ရေးအတွက် ရှေ့တန်းမှတိုက်ခိုက်နေသည့် နာမည်ကျော်ကော်ဘရာစစ်ကြောင်း မှရဲဘော်များ ပါဝင်သရုပ်ဆောင်ထားသည့် လေဆန ဇာတ်ကားကို We Click YouTube Channel ၌ တင်ထားပြီဖြစ်၍ ကြည့်ရှုနိုင်ပြီ ဖြစ်သည်။
ကိုးမိနစ်ခန့်ကြာမြင့်သည့် ယင်းဇာတ်လမ်းတိုရုပ်ရှင်ကို ရှေ့တန်းတစ်နေရာ၌ ရိုက်ကူးထား ခြင်းဖြစ်သောကြောင့် ဖုန်းဖြင့်သာရိုက်ကူးထားပြီး နာမည်ကြီး အနုပညာရှင်များမပါဝင်သော်လည်း ပါဝင်သူများက အဆင်ပြေပြေ သရုပ်ဆောင်ထားသည်။
ရဲဘော်တစ်ဦး၏ အကြောင်းကိုအခြေပြု၍ ဇာတ်လမ်းဆင်ထားခြင်းဖြစ်ပြီး လေဆန်ခရီးဖြစ် သော်လည်း အောင်ပွဲရသည်အထိ တိုက်သွားမည့်အကြောင်း ကို တင်ဆက်ပေးထားသည်။
ယင်းဗီဒီယိုကို ဇူလိုင် ၁၇ရက် နံနက်တွင်တင်ရန် စီစဉ်ခဲ့သော်လည်း အကြောင်းကြောင်းကြောင့် ညနေမှသာတင်နိုင်ခဲ့ကြောင်း Click to Donate ၏ ဖေ့စ်ဘွတ်ခ်၌ ရေးသားထားသည်။
“ဒီကာလကြီးထဲမှာအနယ်နယ် အရပ်ရပ်က တော်လှန်ရေး ရဲဘော်တစ်ချို့ တကယ် ကြုံနေရတဲ့ ဖြစ်ရပ်လေးတွေနဲ့ ပတ်သက်ပြီးသူတို့ ပေးချင်တဲ့ Message လေးကို ပေးနိင်ဖို့တတ်နိုင်သလောက်
သူတို့ကိုယ်တိုင် ကြိုးစားထားကြတာမို့ အားပေးကြပါဦးခင်ဗျာ။”ဟု မေတ္တာရပ်ခံထားသည်။
ယင်းဇာတ်ကားကြည့်ရှုပြီးသူများက ရင်ထဲကိုထိသည့်ဇာတ်လမ်းဖြစ်ပြီး အောင်ပွဲရကာ ရဲဘော်များ အိမ်အမြန်ပြန်နိုင်ရန် မှတ်ချက်ပေးထားသည်။
ဗီဒီယိုကြည့်ရှုသူများသည်နှင့်အမျှ အလှူငွေများရရှိမည်ဖြစ်ပြီး နာရီဝက်ခန့်ကြာ သည်အထိ ကြည့်ရှုသူ လေးထောင်ခန့်ရှိသည်။
