ညောင်လေးပင်ခရိုင်အတွင်းမှာ စစ်ဘေးရှောင် တစ်သိန်းကျော် အထိရှိလာပြီး ဆန်တစ်အိတ်လောက်အရောက်ပို့ပေးနိုင်ဖို့ကိုတောင် ပို့ဆောင်ရေးအတော်ခက်ခဲတယ်လို့ ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်နေရာယူထားတဲ့နေရာတွေရှိတာကြောင့် နေ့ဘက်တွေသွားလို့မရဘဲ ညဘက်တွေပဲ သွားလို့ရတောကြောင့် စစ်ဘေးရှောင်တွေဆီ အစားအစာ ဆေးဝါးပို့ဆောင်ဖို့ အရမ်းခက်ခဲတယ်လို့ ဆိုပါတယ်။
ကေအဲန်ယူ-ခလယ်လွီထူ(ညောင်လေးပင်)ခရိုင် လယ်ဒို(ကျောက်ကြီး)နဲ့ မူး(မုန်း)မြို့နယ်ထဲက စစ်ရှောင်အခြေအနေတွေနဲ့ပတ်သက်ပြီး ညောင်လေးပင်ခရိုင် ဒေသခံကရင်လူမှုရေးရာအဖွဲ့ တာဝန်ရှိသူတစ်ဦးနဲ့ People’s Spring က မေးမြန်းထားပါတယ်။
