ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်ရှိ တ/၁၅ ရပ်ကွက်မှ ရာအိမ်မှူး၊ သွေးသောက်အဖွဲ့ခေါင်ဆောင်း ဝင်းနိုင်ကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျား တပ်ဖွဲ့ YGN UGAက ထုတ်ပြန်သည်။
“နန်းထိုက်အောင်”စစ်ဆင်ရေး၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယနေ့(ဇူလိုင် ၁၇ ရက်) နံနက် ၉ နာရီ ၄၅ မိနစ်ခန့်က (၁၅)ရပ်ကွက် ရုံးဘေးလက်ဖက်ရည်ဆိုင်တွင် စစ်ကောင်စီခန့်ရာအိမ်မှူးဝင်နိုင်နှင့် အဖွဲ့ကို ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။
အဆိုပါပစ်ခတ်ရှင်းလင်းမှုတွင် ပန်းခြံ (၈)ရပ်ကွက်မှ ရာအိမ်မှူးထွန်းမင်းမှာလည်း ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်ဟု အသိပေးသည်။
ထို့အပြင် ခုခံတုံ့ပြန်ရန်ကြိုးပမ်းခဲ့သည် စစ်ကောင်စီ အလိုတော်ရိပေါက်စများကိုလည်း အတက်နိုင်ဆုံး ငဲ့ညှာသောအားဖြင့် ခြောက်လှန့်ပစ်ခတ်ခြင်းသာပြုလုပ်ခဲ့ကြောင်းဖော်ပြသည်။
စစ်ဆင်ရေးတွင် ရဲဘော်များအားလုံးဘေးကင်းပြီး ကျန်ရှိနေသော စစ်ကောင်စီ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်များ အနေဖြင့် အချိန်မီနှုတ်ထွက်ကြရန်လည်း YGN UGAက သတိပေးသည်။
ဇူလိုင် ၁၅ ရက်ကလည်း ရွှေပြည်သာမြို့နယ် ည/၁၁ ရပ်ကွက် အုပ်ချုပ်ရေးရုံးပေါက်ကွဲမှုကြောင့် စစ်ကောင် စီနှင့်နီးစပ်သူ လေးဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
