ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် (၁၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း ဝင်ရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ နှစ်ဦးသေဆုံးကြောင်း ဒေသခံများက People’s Springသို့ ပြောသည်။
အဆိုပါ ရပ်ကွက်ရုံးပစ်ခတ်မှုသည် ယနေ့(မေ ၂၈ရက်) နေလယ် ၁၂ နာရီခွဲခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေနတ် ပစ်ခတ်သံ ၁၅ချက်ထက်မနည်း ကြားခဲ့ရသည်ဟု ဒေသခံများက ဆိုသည်။
“သေတာက အုပ်ချုပ်ရေးမှူးရဲ့ ခိုင်းဘက်ဝင်းလှိုင်ရယ်၊ဆယ်အိမ်မှူးသန်းထွန်းရယ်။ပြီးတော့ ရာအိမ်မှူးဝင်းညွှန့်ကလည်း ကျည်ထိတယ် ကြားတယ်”ဟု ရွှေပြည်သာ မြို့နယ်နေသူတစ်ဦးက ပြောသည်။
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရွှေပြည်သာမြို့ သာဓုကန်ထိပ်တွင် စစ်ကောင်စီတပ်က ပိတ်ဆို့စစ်ဆေးမှုများ အပါအဝင်မြို့နယ်တွင်း အရပ်ဝတ်များဖြင့်ကင်းလှည့် နေသည်ဟုလည်း အသိပေးသည်။
ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့ရှိ ဒလ ၊မြောက်ဒဂုံနှင့် မရမ်းကုန်း မြို့နယ်များရှိ စစ်ကောင်စီခန့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ သေနတ်ပစ်ခတ်ခံရပြီး သေဆုံးမှုများရှိခဲ့သည်။
အာဏာသိမ်းစစ်ကောင်စီနှင့် ပတ်သတ်နေသည့် အုပ်ချုပ်ရေးမှူးများ၊ဒလန်များ နှင့် ပျူစောထီးများအနေဖြင့် အချိန်မီနှုတ်ထွက် ရန်တော်လှန်ရေးအင်အားစုများက အကြိမ်ကြိမ်သတိပေးထားသည်။
