စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးအားအရေးပေါ်လိုအပ်ချက်အရ ယနေ့နံနက်ပိုင်းမှစတင်ကာ ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CHU PDFက သတိပေးကြေညာသည်။
မုံရွာ – မန္တလေးလမ်းပိုင်းကို ကြေညာချက်ထုတ်ပြန်ချိန် ဇူလိုင်လ ၁၆ရက် နံနက် ၁၀နာရီ ၄၅ မိနစ်အချိန်မှစ၍ နောက်ထပ်ကြေညာချက်တစ်စုံတရာမထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း ချောင်းဦး PDF၏ ထုတ်ပြန်ချက်တွင်ဖော်
ပြသည်။
ယာယီပိတ်ထားချိန်အတွင်းကြေညာချက်ပါလမ်းပိုင်းကိုပြည်သူများ၏ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြပါရန်နှင့် လိုက်နာခြင်းမရှိသူတို့၏လုံခြုံရေးအတွက်အာမမခံကြောင်း ချောင်းဦး PDFက ထပ်မံသတိပေးသည်။
အထက်ပါလမ်းပိုင်းတွင်သွားလာနေကြသောကားများအနေဖြင့် အန္တရာယ်ကင်းရှင်းစေရန်အတွက် ရောက်ရာအရပ်တွင်ခေတ္တရပ်နားထားကြပါရန်နှင့် အဆိုပါလမ်းပိုင်းကိုလက်ရှိအသုံးပြုလျက်ရှိသော မိမိ၏ဆွေမျိုးမိတ်ဆွေများကို ထပ်ဆင့်အကြောင်းကြားပေးကြပါရန် ချောင်းဦးPDFကမေတ္တာရပ်ခံသည်။
မုံရွာ-မန္တလေးလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီယာဥ်များ ဖြတ်သန်းသွားတိုင်း ဒေသတွင်း PDFအဖွဲ့များက မကြာခဏ မိုင်းခွဲတိုက်ခိုက်လေ့ရှိသည်။
