စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် စစ်တပ်၏ အငြိမ်းစားအရာရှိတစ်ဦးလိုက်ပါလာသည့်စစ်ကောင်စီယာဥ်များအား ဒေသတွင်းအဖွဲ့နှစ်ဖွဲ့က ပူးပေါင်းမိုင်းဆွဲတိုက်ခိုက်ခဲ့ပြီးစစ်သား၃ဦး သေဆုံးနိုင်ကြောင်း People’s Defence Force- South Monywaက သတင်းထုတ်ပြန်သည်။
ယနေ့ ဇူလိုင်လ ၅ ရက် နံနက်ပိုင်းက မုံရွာ-မန္တလေးလမ်းမကြီ မုံရွာ-ချောင်းဦးလမ်းပိုင်းတွင် လမ်းကြောင်းရှင်းရန်လာသည်ဟုယူဆရသော အကြမ်းဖက်စစ်ကောင်စီ၏ ခြေလျင်စစ်ကြောင်း၊ ဂျမ်ပါကားတစ်စီးနှင့် စစ်ကောင်စီ၏ အငြိမ်းစားအရာရှိတို့ပါဝင်သည့် အိမ်စီးကားတို့ကို စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း PDF South Monywa၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
ခြေလျင်စစ်သား ၃ ဦး ပွိုင့်တည့်တည့်ပေါ်ရောက်သည့်အချိန်၌ မိုင်းလေးလုံးခွဲကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၂ဦး နေရာတွင်ပင် သေဆုံးပြီး နောက်တစ်ဦးမှာလည်း သေဆုံးနိုင်သည်ဟု PDF-South က ဆိုသည်။
အိမ်စီးကားမှာမူကားမှန်များကွဲ၍နောက်ခန်းမှ အငြိမ်းစားအရာရှိ ထိခိုက်နိုင်ပြီး မိနစ်အနည်းငယ်အကြာတွင် နောက်ကြောင်းပြန်လှည့်မောင်းသွားကြောင်း၊ နောက်ထပ် မိနစ်အနည်းငယ်အကြာတွင် လူနာတင်ယာဉ်တစ်စီး ရောက်လာကာ ထိခိုက်သေဆုံးသူများအား တင်ဆောင်သွားကြောင်း PDF-South Monyw a ကအသိပေးသည်။ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုကို People’s Spring ကသီးခြားအတည်မပြုနိုင်ပါ။

People’s Defence Force- South Monywaနှင့် Black Hunter People’s Task Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ PDF-South Monywa တာဝန်ရှိသူက “သူတို့က မုံရွာဘက်ကလာတာပါ။ အကောင်ကြီးကြီးကတော့ဒဏ်ရာအပြင်းအထန် ရသွားတယ်လို့သိရတယ်”ဟုပြောသည်။ အဆိုပါတိုက်ခိုက်မှုတွင် လက်နက်ကောက်ယူရရှိခြင်းမရှိကြောင်း၎င်းကဆက်ပြောသည်။
ထိုလမ်းပေါ်တွင်ယမန်နေ့ (ဇူလိုင်လ ၄ရက်)ည၉နာရီကျော်ကလည်း စစ်ကိုင်းတပ်မ၃၃မှ ထွက်လာသော စစ်ကားတစ်စီးအား မြင်းမူမြို့နယ်၊ နပဲကြူးဇရပ်နှင့်ကန်ဖျားဇရပ်ကြားတွင် ညီနောင်လေးဖွဲ့က မိုင်း၈လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်သား၃ ဦးသေဆုံးနိုင်ကြောင်း Moe Nyo Revolution Forceက ထုတ်ပြန်ထားသည်။
