မကွေးတိုင်း ထီးလင်းမြို့နယ်တွင် အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို ယမန်နေ့က တိုက်ခိုက်ခဲ့ကြောင်း ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)က အသိပေးထုတ်ပြန်သည်။
ဇူလိုင် ၁၅ရက် နံနက် ၈နာရီခွဲခန့်တွင် ထီးလင်းမြို့နယ် ကင်းပန်းရွာ ၌ စခန်းချထားသည့် စစ်ကောင်စီတပ်သည် ကင်းပန်းရွာမြောက်ဘက် လသာတောင်ခြေရင်း ဘက် ရောက်ရှိစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါ တိုက်ပွဲသည် နာရီဝက်ကြာမြင့်ခဲ့ပြီး လက်နက် ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ဖော်ပြထားသည်။
တိုက်ပွဲတွင် ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သတင်းကိုအတည်ပြု၍ မရနိုင်သေးကြောင်း ထုတ်ပြန်သည်။
