ယနေ့(ဇူလိုင် ၁၆ရက်)နံနက်ပိုင်းကဖြစ်ပွားခဲ့သော တမူးတိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကျဆုံးခဲ့သည်။
တမူးမြို့အထွက် ဆီဆိုင်အနီးတွင် စစ်ကောင်စီတပ်နှင့် တမူးမြို့ ပြည်သူ့ကာကွယ်ရေးရဲဘော်များ တိုက်ပွဲ ဖြစ်ခဲ့ခြင်းဖြစ်သည်။ပြည်သူကာကွယ်ရေးရဲဘော်အချို့ မြို့ပြင်ဘက်သို့ ထွက်စဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်နှင့် ထိပ်တိုက်တွေ့ပြီး တိုက်ပွဲစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်သူ့ရဲဘော်တစ်ဦးကပြောသည်။
တိုက်ပွဲသည်ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲပုံစံဖြစ်ပြီးစစ်ကောင်စီဘက်မှသေဆုံးထိခိုက်မှုအခြေအနေကိုမသိရသေးဟုအထက်ပါ PDFကပြောသည်။
ကျဆုံးPDFရဲဘော်တွင် ဇနီးနှင့်ရင်သွေးငယ်တစ်ဦးကျန်ရစ်ခဲ့၍ ဝိုင်းဝန်းကူညီရမည်ဖြစ်ကြောင်းတမူးPDF တပ်ဖွဲ့ဝသ်တစ်ဦးကလည်းပြောသည်။
ယနေ့နေ့လယ်ပိုင်းတွင် စစ်ကောင်စီက တမူးမြို့ပြင်ဘက်ဘက်သို့ လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေ၍ ပြည်သူများသတိပြုကြရန် တော်လှန်ရေးရဲဘော်များက သတိပေးသည်။
