●ဗိုလ်မှူးသန်းနိုင်ဝင်းသည်ဗျူဟာမှူး၏လူယုံဖြစ်ပြီး မတူပီရှိစစ်ကောင်စီတပ်အတွက်အရေးပါသူဖြစ်
မတူပီအခြေစိုက်စစ်ကောင်စီတပ်ခြေလျင်တပ်ရင်း( ၁၄၀) မှဗိုလ်မှူးသန်းနိုင်ဝင်းကို သုတ်သင်ရှင်းလင်းလိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်မတူပီ(CDF-မတူပီ)က သတင်းထုတ်ပြန်သည်။
ဗိုလ်မှူး သန်းနိုင်ဝင်းကို ယမန်နေ့(ဇူလိုင်လ ၁၅ ရက်)က သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟုဖော်ပြထားသည်။
“သူ့(ဗိုလ်မှူးသန်းနိုင်ဝင်း)ကို ကျွန်တော်တို့ စောင့်ကြည့်နေတာကြာပြီ။ သူက ဗျူဟာမှုးရဲ့ လူယုံလည်းဖြစ်တယ်။ မနေ့ကတော့ မြို့ပြင်ကို မျှားခေါ်ပြီး ရှင်းလင်းလိုက်တာပါခင်ဗျ”ဟု ဟုChanland Defense Force Matupi သတင်းပြန်ကြားရေးတာဝန်ခံက People’s Spring သို့ပြောသည်။
ဗိုလ်မှူး သန်းနိုင်ဝင်းသည် စစ်ဗျူဟာထောက်လှမ်းရေး တစ်ဦးဖြစ်ပြီးတပ်တွင်းCDM ပြုလုပ်လိုသူများ၊ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို အထူးစောင့်ကြည့်ထောက်လှမ်းနေသူဖြစ်သည်ဟုထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
၎င်း၏ သတင်းပေးပို့မှုကြောင့် CDM လုပ်ရန် ပြင်ဆင်နေသူ စစ်သား(၇) ဦးသတ်ဖြတ်ခံခဲ့ရပြီး (၄) ဦးထောင်ချခံထားရသည်ဟုသိရသည်။ထိုအပြင်မတူပီမြို့နေအမျိုးသမီးတစ်ဦးကိုလည်းဗိုလ်မှူးသန်းနိုင်ဝင်းကိုယ်တိုင်သတ်ဖြတ်ခဲ့ကြောင်းလည်းအသိပေးထားသည်။
“သူက မတူပီအတွက်(မတူပီရှိစစ်ကောင်စီတပ်အတွက်)အရေးကြီးတဲ့ ပုဂ္ဂိုလ်ထဲမှာပါတယ်၊ မနေ့က မြို့ပြင်ဘက်ကို အကြောင်းအမျိုးမျိုးနဲ့ ဆွဲခေါ်ပြီး ရှင်းလိုက်တာပါ။”ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။
ဗိုလ်မှုးသန်းနိုင်ဝင်းသည်မတူပီဗျုဟာမှူး၏ ကိုယ်ရံတော်နှင့် မတူပီမြို့ထောက်လှမ်ရေး တာဝန်ယူထားသူဖြစ်သည်ဟု CDF(မတူပီ) တာဝန်ရှိသူတစ်ဦးကပြောသည်။ ၎င်း၏ သတင်းထောက်လှမ်းမှုကြောင့် ကာကွယ်ရေးတပ်များအနှောက်အယှက်ဖြစ်ခဲ့သဖြင့် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းအထက်ပါတာဝန်ရှိသူကဆက်ပြောသည်။
ဗိုလ်မှုးအဆင့် အသတ်ခံရပြီးနောက် စစ်ကောင်စီက မတူပီမြို့ပေါ်တွင် အင်းအားအများအပြားတိုးချနေသည်။
