မန္တလေးတိုင်း၊ မြစ်ငယ်မြို့မှာ မီးရထားစက်ရုံ ရဲ့လုံခြုံရေးအစောင့် ဈေးကိုသွားချိန် ဆိုင်ကယ်စီးအမျိုးသားက သေနတ်နဲ့ပစ်ခတ်လို့သေဆုံးသွားတယ်လို့သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၇ နာရီလောက်မှာဆိုင်ကယ်နဲ့ ဈေးထွက်ဝယ်ချိန် မျက်နှာချင်းဆိုင်ကနေ မောင်းလာတဲ့ဆိုင်ကယ်ပေါ်ကနေ သေနတ်နဲ့ ပစ်သွားတာလို့ ဒေသခံအချို့ကပြောပါတယ်။
ပစ်ခတ်ခံရပြီးဆိုင်ကယ်လဲကျသွားကာ နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွားတယ်လို့သိရပါတယ်။
မြစ်ငယ်မြို့ဟာ မြစ်ငယ်မြစ်နဲ့ရထားလမ်းဆုံတဲ့နေရာမှာရှိပြီး မန္တလေးမြို့ကနေ ၉ မိုင်ခန့်ကွာဝေးပါတယ် ။ အရေးပါတဲ့မြို့ဖြစ်ပြီး မီးရထားအလုပ်ရုံတွေတည်ရှိတာကြောင့် မီးရထားဝန်ထမ်းအများစုနေထိုင်ကြပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက်အာဏာဖီဆန် လှုပ်ရှားမှုကို မီးရထားဝန်ထမ်းတွေက ဆောင်ရွက်ရာမှာ စစ်အုပ်စုဟာ ဝန်ထမ်းလိုင်းခန်းတွေကဖယ်ခိုင်းတာ ၊ နေထိုင်တဲ့ရပ်ကွက်တွေကိုဖယ်ရှားပစ်တာတွေ ရည်ရွက်ရှိရှိလုပ်ခဲ့ပါတယ်။
ဒီနေ့ပစ်ခတ်ခံရတဲ့ ဝန်ထမ်းအမျိုးသားဟာ စစ်ကောင်စီသတင်းပေးတစ်ဦးလို့ သတင်းထွက်နေပါတယ်။
