စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ၍ ထိခိုက်သွားသည့် ဒုရဲအုပ်အား စစ်လေယာဥ်ဖြင့် လာရောက်ခေါ်ဆောင်သွားသော်လည်း သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။
ဇူလိုင်လ ၇ ရက်၊နံနက် ၈နာရီခွဲခန့်တွင် ခင်ဦးမြို့၏ အရှေ့ဘက် ၆ မိုင်ခန့်အကွာ ခင်ဦး-ရွှေဘို-မြစ်ကြီးနားကားလမ်းတစ်လျှောက်၌ခင်ဦးမြို့မရဲစခန်းမှ ဒုရဲအုပ်သန်းနိုင်ထွန်းဆိုသူက ဦးစီးကာကင်းပတ်ရန်ထွက်ခွာလာခဲ့သည်။


မွန်းလွဲ ၁ နာရီခန့်တွင် ပူးပေါင်းအဖွဲ့သည် ခင်ဦးမြို့နယ်၊ ကြို့ကန်ကျေးရွာနှင့် ရွာသာကျေးရွာသွားလမ်းခွဲ၌ မိုင်းခွဲတိုက်ခိုက်ခံရပြီး အကြမ်းဖက်စစ်ကောင်စီဘက်ကလည်း ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းခွဲတိုက်ခိုက်မှုကြောင့် ဒုရဲအုပ် မင်းချစ်သူသည် ယာဘက်လက်ဖျံနှင့်ယာဘက်ချိုင်းအောက်မိုင်းစဖောက်ဝင်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့ပြီး ရဲတပ်သားတစ်ဦးလည်း ယာဘက်ပေါင် မိုင်းစထိမှန်ကာ ဒဏ်ရာရရှိသွားကြောင်း လှို့ဝှက်ကြေးနန်းစာတွင် ရေးသားထားသည်။
၎င်းတို့နှစ်ဦးအား ရွှေဘိုဆေးရုံသို့တင်ပို့ရန် မုံရွာရှိအနောက်မြောက်တိုင်းစစ်ဌာနချုပ်သို့ ရဟတ်ယာဥ်ဖြင့် တင်ဆောင်လာစဥ် ဒုရဲအုပ်မင်းချစ်သူမှာသေဆုံးသွားကြောင်းရဲကြေးနန်းစာတွင် ရေးသားထားသည်။
တပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးအခြေအနေအရ နေအိမ်လုံခြုံရေးအခြေအနေအရ နေအိမ်လိုင်းခန်းရရှိအောင်ဆောင်ရွက်ပေးရန်၊ တပ်ပြင်ပနေ တပ်ဖွဲ့ဝင်များ တပ်အတွင်းသာနေထိုင်ကြရန်၊ တပ်ပြင်ပတွင် နေထိုင်မှုမရှိစေရန်၊ တာဝန်ချိန်မှအပ တင်ပြင်သို့ လုံးဝ(လုံးဝ) သွားလာခြင်းမရှိစေရန် ၊ လုံခြုံရေးသတိရှိစေရေး တပ်စုမှူးများက ကြပ်မက်ဆောင်ရွက်ရန်အကြမ်းဖက်စစ်ကောင်စီကအသိပေးထားသည်။
အဆိုပါဖြစ်စဥ်အား မည်သည့်အဖွဲ့က တိုက်ခိုက်ခဲ့သည်ကိုမူမသိရသေးပါ။
ဇွန်လ၂၂ရက်နေ့ကလည်း ခင်ဦးမြို့နယ်၊ ခင်ဦး-ရေဦး ကားလမ်း SMC မူးဘောင် တံတားပေါ်တွင် အကြမ်းဖက်စစ်တပ်က ကားတစ်ီးဖြင့်ဖြတ်သန်းလာချိန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တစ်နာရီကျော်ကြာ တိုက်ခိုက်ခဲ့ရာကားပေါ်ပါ အကြမ်းဖက်အုပ်စုဝင် (၁၁) ဦးလုံး သေဆုံးခဲ့သေးသည်။
